ပိုင်လေး အာကာကို နူတ်ဆက်လိုက်ပြီးအိမ်ထဲ၀င်လာခဲ့ပေ့မယ့်မျက်နှာကမကောင်း။ ဦး ဘာလို့ဒီနေ့လာမကြိုတာလဲ ။ နေ့တိုင်းလာကြိုနေကြကို။ ဒီနေ့မှလာမကြိုတော့ လူက၀မ်းနည်းချင်သလိုဖြစ်နေသည်။
ခြံတံခါး ကိုပြန်စေ့ကာ အိမ်ထဲ၀င်လာတော့ ဦး ကားက ရှိသည်။ ဒါဆိုအလုပ်ကပြန်ရောက်နေပြီပေါ့။ ပိုင်လေး နူတ်ခမ်းကို စူပြစ်လိုက်သည်။
"တွေ့အုံးမယ် ဒီလူကြီး "
အိမ်ထဲ၀င်ခဲ့တော့ဘယ်သူမရှိ။ ပိုင်လေး ဇဝေဇဝါဖြစ်သွားသည်။ ဟိုကြည့်ဒီကြည့်နဲ့ရှာပေ့မယ့် ဦးကို မတွေ့။ မီးဖိုထဲပြေးကြည့်တော့လဲ ဦးကမရှိ။ ပိုင်လေး ကျောပိုးအိတ်ကို ခုံပေါ်ပြစ်တင်ကာ ခါးကိုထောက်လိုက်သည်။
လက်တစ်ဖက်ကဆံပင်တွေကိုဖွလိုက်ပြီး အောက်နူတ်ခမ်းကို ကိုက်လိုက်မိသည်။ စိတ်အဆင်မပြေတာတစ်ခုခုဖြစ်တိုင်းလုပ်နေကြအပြုမူမို့ မလုပ်ရရင်သူမနေနိုင်။
"Happy Birthday ပါကိုယ့်ကလေးလေး..."
နောက်က ထွက်ပေါ်လာတဲ့အသံကြောင့် ပိုင်လေး လန့်သွားပြီးချက်ချင်းလှည့်ကြည့်တော့ ကျွန်တော် သိပ်ချစ်ရတဲ့ဦး ..။ ကျွန်တော် မြတ်နိုးရတဲ့ဦးက Heart ပုံစံမွေးနေ့ကိတ်တစ်ခုကို ကိုင်ကာ ပြုံးရွှင်စွာရပ်နေသည်။ သိပ်ကိုလှပတဲ့မြင်ကွင်းပါပဲ ကျွန်တော် ဘယ်တော့မှ မေ့မပြစ်နိုင်မဲ့မြင်ကွင်းတစ်ခုပေါ့။
"ကိုယ်ရဲ့ကလေးလေး အသက်နှစ်ဆယ်ပြည့်မွေးနေ့မှစပြီး စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့ပြည့်စုံပြီးဒီအဖိုးကြီးကိုအမြဲတမ်းချစ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်... "
ဦးက ပြုံးစစနဲ့ဆိုတော့ ပိုင်လေး ခေါင်းကိုကုတ်၍ ရယ်လိုက်မိသည်။ သူ့မွေးနေ့သူမေ့နေခဲ့တာပဲ။
"လိပ်ပေါက်တူးကြီး "
"ဟား..ဟား ဆုတောင်းဦး လေကလေး "
ကျွန်တော် မျက်စိလေး မှိတ်ကာဆုတောင်းလိုက်မိသည်။
'ကျွန်တော်မြတ်နိုးလွန်းလို့ပထမဆုံးဆွဲခဲ့တဲ့လက်ကလေးထာ၀ရမြဲပါရစေ။ ကျွန်တော်ဘ၀အတွက်ဘာမှမလိုအပ်ပါ ဦးနဲ့သာဘယ်တော့မှမခွဲရပါစေနဲ့ ဘုရား...'
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်