Ch(3)🍀

8.9K 344 32
                                    


"ဗျာ!!တစ်ကယ် "

ထမင်းစားနေရင်း ဖေဖေ စကားကြောင့် ဆုလာဒ်မင်းပိုင် တစ်နင့်တစ်ပိုးနဲ့ထအော်လိုက်မိသည်။ သူအသံကြောင့် ဦး ရော ဖေဖေပါ ကြောင်သွားကာ မော့ကြည့်လာသည်။

"လန့်လိုက်တာ ခွေးသားရယ် ဘာထဖြစ်တာလဲ အလန့်တကြားနဲ့ "

ဖေဖေ စကားကြောင့် ဦးကပြုံးလိုက်သည်။ ဦးကဘာရယ်မဟုတ်ဘူးပြုံးလိုက်တာ ကိုယ်က ဒီမှာနေစရာမရှိ။ ဦးအပြုံးတွေကရင်ဘတ်ထဲကနေစိမ့်ပြီး ချိုနေသလိုမျိုး ။ကျွန်တော် ဒီလောက်ထိ သဘောကျနေမိပြီဦးရာ ။

"အဟမ်း!!"

ဟနေတဲ့ပါးစပ်ကို ကိုယ်ဟာကိုပြန်ပိတ်ကာ ပိုင်လေး အရှက်ပြေချောင်းဟန့်လိုက်သည်။

"ဒါဆို ပါးပါးက တစ်ကယ်သွားမှာပေါ့ "

"မင်းကိုငါက ကလေးကုလားနဲ့ ဘာကိစ္စ လိမ်ရမှာလဲ "

"ဟီး"

ဆုလာဒ်မင်းပိုင် သွားစွယ်များပေါ်သည်ထိ ဖေဖေဦးမျိုးသန့်မင်းပိုင်အား ရယ်ပြလိုက်သည်။

"ဘယ်လောက်ကြာမှာလဲ ပါး "

"လေးငါးဆယ်ရက်ပါပဲ အလွန်ဆုံးကြာ ဆယ်ငါးရက်ပေါ့"

ပိုင်လေး ကိုယ်အတွေးနဲ့ကိုယ်မို့ပျော်သွားသည်။ ပါးပါး မရှိရင် ဦးနားပိုကပ်ဖို့ အခွင့်ရေးပိုများနိုင်သည်။

ဦး ကိုသဘောကျလွန်းလို့ ဒီကကောင်ကြာလေခက်လေဖြစ်နေရပြီ။ စားလဲဒီစိတ် အိပ်လဲဒီစိတ် အခုချိန် သေရင်တောင် ဒီကကောင်ကျွတ်ပါတော့မလားပဲ။

ဟိုနေ့က ဖုန်းကိစ္စ နဲ့ ဦးဆူတာနဲနဲခံလိုက်ရထဲက ဆုလာဒ်မင်းပိုင် ဦးကို ပိုစွဲလမ်းသွားသည်။ ဒါမျိုး ယောကျ်ားမှမယူရင် သူဘယ်လိုယောကျာ်းယူမလဲ။ ဦးကမျက်မှောင်ကိုမဆိုစလောက်လေး ကျုံလိုက်ပြီး

"မင်းကတော့နော် ..."

လို့ပြောလိုက်ပုံကြီးက ဆုလာဒ်မင်းပိုင် ဦးကို ရူးသွပ်ဖို့အပြည့်၀လုံလောက်သွားသည်။ သဘောကျလိုက်တာလို့ပြန်ပြန်တွေးပြီးပြုံးရတာလဲ ဆုလာဒ်မင်းပိုင်မှာ အလုပ်တစ်ခု ။ ဘ၀ရဲ့ပထမဆုံးအချစ်မို့ ထင် ဦးရှေ့လေတိုက်ရင်တောင် ဆုလာဒ်မင်းပိုင် ပြုံးနေမိသည်ထိ အရူးရင့်နေပြီ။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now