အချိန်တွေက အခုရက်ပိုင်းမှကုန်ဆုံးဖို့အရမ်းကြာနေသလိုပင်။ တစ်နာရီနဲ့တစ်နာရီကြားအချိန်စက်၀ိုင်းက အလုပ်ပင်လုပ်သေးရဲ့လားလို့ ပိုင်လေး ထင်နေမိသည်။ဦး ပြန်သွားတာငါးရက်ရှိခဲ့ပြီ။ ဖုန်းလဲဆက်လို့မရ သူဖုန်းကို block ထားသည်။ ဖေဖေ ဖုန်းနဲ့ခိုးခေါ်ရင်လဲ သူ့အသံကြားတာနဲ့တန်းချပြစ်သည်။ ကဒ်အသစ်တွေကလဲကုတင်ပေါ်ကစားပွဲပေါ်မှာပြန့်ကျဲနေလေပြီ။ ဘာတစ်ခုမှအသုံးမ၀င်တော့ပေ ။
" ဟူး..."
ပိုင်လေး လေပူတွေကိုမူတ်ထုတ်ရင်း အိပ်ယာထက်ကွေးနေမိသည်။ အချစ်ကအရာရာကို အချိန်ခဏလေးအတွင်းပြောင်းလဲစေနိုင်သလား။သေချာပါသည် အခုသူစားလို့လဲမ၀င် ဘာမှလဲမလုပ်ချင် လူကအရူးတစ်ပိုင်းလို နေ့ရက်တွေကိုခွေခေါက်ရင်းကုန်ဆုံးနေမိသည်။
ဖြိုးကို ကကျူးရင့်နဲ့အဆင်ပြေနေသည်ထင်။ သူကိုခဏခဏအပြင်သွားဖို့ခေါ်နေပေ့မယ့်သူစိတ်မပါ။ ဦး ဆီကိုသာစိတ်ကရောက်နေသည်။ ဦးက Fb ,IG ဘာမှသိပ်မသုံး Viber ကနေလဲမတွေ့ ။ သူဦးဆီကို လိုက်သွားချင်မိသည်။ သို့သော်အကြောင်းပြချက်လဲ သူမှာမရှိ။
ပိုင်လေး ဝေ့တတ်လာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ဖိသုတ်လိုက်ပြီး အိပ်ယာမှ ထလိုက်သည်။ ဒီအတိုင်းကြီးဆက်နေသွားလို့လဲမရသေးပါ။ သူဦးနဲ့နီး ဖို့တစ်ခုခုကြံရမည်။ ဖေဖေကိုပူဆာကြည့်ဖို့စဥ်းစားပေ့မယ့် မေးလာရင်ဖြေစရာ စကားကသူမှာမရှိပြန်။
"ချစ်ရတာပင်ပန်းလိုက်တာ ဗျာ...
အချစ်ဦးမို့ထင်တယ်ဦးရယ် ...ကျွန်တော်တစ်ကယ်ရူးနေ
ရပြီ "ရေချိုးခန်းထဲ၀င်ကာရေချိုးခေါင်းလျှော်လိုက်ပြီး တီရှပ်တစ်ထည်ကို ကောက်၀တ်လိုက်သည်။ ခေါင်းတွေကိုသဘက်နဲ့သာပြောင်အောင်သုတ်လိုက်ပြီး တစ်ခုခုစားရန် အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။
"သား.."
ဧည့်ခန်းထဲက ပါးပါး အသံကြောင့်
သူခြေလှမ်းတွေ ဦးတည်ရာပြောင်းလိုက်ပြီး ပါးပါး အနားသို့သွားလိုက်သည်။"ဟုတ်...ပါးပါး "
ပါးစပ်ကထူးလိုက်ပေ့မယ့် သူ့မျက်လုံးတွေက မြန်မာအင်္ကျီရင်ဖုံးနဲ့မိန်းမလှလေးထံ ရောက်သွားသည်။ သူကဘယ်သူလဲ ?
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်