Ch(12)🍀

6.7K 260 18
                                    

ပိုင်လေး ပြတင်းဘောင်ပေါ်မှေးတင်ရင်း အဝေး ကိုငေးနေမိသည်။ ဦး ဆီကိုရောက်နေတာတစ်ပတ်ပင်ပြည့်တော့မည်။ ခုချိန်ထိ သူမှာရေရေရာရာဘာမှဖြစ်မလာသေး။ ထမင်းစားချိန်မှတာ ဦး ကိုတွေ့ရပြီးကျန်တဲ့အချိန်တွေ ဦးကအခန်းထဲနေသည်ကများသည်။ 

တစ်ခါတစ်လေအလုပ်ကိစ္စရှိလို့အပြင်တွေဘာတွေထွက်သွားတတ်ပြီး ပြန်လာတိုင်းသူ့အတွက်မုန့်တစ်မျိုးမျိုး ၀ယ်လာပေးတတ်သည်။ သူသွားစွယ်တွေပေါ်တဲ့ထိပြုံးပြတိုင်း ဦး မျက်မှောင်ကျုံသွားတတ်သည်က သူသဘောကျရဆုံးပုံရိပ်လေးဖြစ်သည်။

ဦး ကိုအနေနီးမှ ပိုပြီးသဘောကျသည်။ ဦးက အိမ်မူကိစ္စလဲနိုင်သလို
စီးပွာရေးလဲစီးစနစ်ကျစွာလုပ်တတ်တာသူတွေ့ရသည်။ ဘယ်နေရာမှအပိုကုန်တာမကြိုက်။

ထမင်းဆိုလဲ ထည့်ပြီးသားကုန်အောင်စားမှကြိုက်သည်။ သွန်ပြစ်လျှင် သိပ်စိတ်ဆိုးတတ်သေးသည်။ စားပြီးသားပန်းကန်တွေကိုလဲတစ်ခါထဲဆေးကြောထားမှမဟုတ်လျှင် သူ့ကိုဆူသည်။ သူကလဲဦးဆူသံကို ကြားချင်တာမို့ အမြဲလွှဲနေကြအရာလေးတစ်ခု ။

ဦးနဲ့နေရတာလုံခြုံသည်၊နွေးထွေးသည်၊ ဘာစကားမှမပြောပေ့မယ့်သူကို ဂရုတစ်စိုက်ရှိတတ်ကာ အလေးထားမှန်းအမူအရာဖြင့်သိသာစေသည်။ ဦးနဲ့နေရတာ သူပျော်သည်။

ကူညီပေးနိုင်တာဘာမှမရှိပေ့မယ့် ဦး ကို၀န်ထုတ်၀န်ပိုးမဖြစ်အောင်သူအတတ်နိုင်ဆုံးနေသည်။  အနားကမောင်းမထုတ်တော့ပဲ  တစ်သက်လုံးသာနေခွင့်ပေးမယ်ဆိုဘယ်လောက်ကောင်းလိုက်မလဲ ။

ပိုင်လေး ဦးအကြောင်းတွေးရင်းရင်ခုန်နွေးထွေးစွာရှက်ရင်းပြုံးနေမိသည်။

"နို့အေးချောင်း !!နို့မလိုင်ချောင်း ၊ သီးစုံနို့အေးချောင်း!!"

ကြားလိုက်ရတဲ့အသံကသူအာရုံကို အလုံးစုံ ဖမ်းစားသွားသည်။ လည်ချောင်းတွေကပါခြောက်လာသလိုခံစားလာရကာ အရမ်းစားချင်သွားသည်။ ပိုက်ဆံကမရှိ ။နောက်ကနေအုပ်စုလိုက် လိုက်လာကြတဲ့ကလေးတွေကို သူငေးရင်းအားကျနေမိသည်။ 

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now