Ch(6)🍀

7.5K 303 9
                                    

"ဦး.."

ဆုလာဒ်မင်းပိုင် ဦး လက်ကိုဇွတ်အတင်းလှမ်းဆွဲ၍ ခေါ်လိုက်သည်။

ကောင်လေးရဲ့အတင့်ရဲမူ့ကြောင့် သြဇာ လန့်သွားကာ လက်ကိုချက်ချင်းရူန်း၍ ဖယ်ပြစ်လိုက်သည်။

"ဘာလုပ်တာလဲ ကောင်လေး"

သြဇာ မျက်မှောင်ကြုတ်၍ စိတ်ရူပ်စွာဆိုလိုက်သည်။

"ဦး...ဘာလို့ကျွန်တော်ကိုရှောင်နေတာလဲ "

"အဓိပ္ပာယ်မရှိလိုက်တာ ငါကမင်းကိုဘာကိစ္စရှောင်ရမှာလဲ "

ဦး ဟိုနေ့ထဲကသူနဲ့မျက်နှာချင်းမဆိုင်တော့တာသူသတိထားမိသည်။သူဆိုင်သွားလျှင် အပြင်ထွက်ပြီး သူပြန်ရောက်လာလျှင်အခန်းထဲကမထွက်။ ထမင်းဟင်းကိုတော့ပုံမှန်ချက်ပေးထားပေ့မယ့်  လူကသိသိသားသားကြီးသူကိုရှောင်နေတာဘာလို့လဲ။

"ရှောင်နေတာသေချာနေတာကို ဦး ကျွန်တော်ကိုလိမ်တယ် "

"ကိုယ်ကမင်းကိုလိမ်လို့ဘာရမှာလဲ"

သြဇာ ကောင်လေးကိုဥပေက္ခာပြုကာအပေါ်ထပ်တတ်ရန်ပြင်လိုက်သည်။

ဆုလာဒ်မင်းပိုင်ဒီထက် ပိုပြီးသည်းမခံနိုင်တော့ပေ။ ဖေဖေ မရှိတဲ့အချိန်နီးစပ်အောင်ကြိုးစာမယ်လို့တွေးထားပြီးမှ ဦးကသူကို တမင်ခါးခါးသီးရှောင်နေသည်။ ဒီပုံအတိုင်းဆို သေချာတာတစ်ခုက

"ဦး ...ကျွန်တော်စာအုပ်ကိုဖတ်လိုက်တာလား"

သြဇာ တစ်ကိုယ်လုံးသွေးများပြောင်းပြန်စီးသွားသည်။ လက်ကထွက်နေတဲ့ ချွေးစေးတွေကြောင့်လက်သီးကိုဆုပ်၍ပွတ်ချေလိုက်ပြီး

"ဘယ်စာအုပ်လဲ ငါဘာစာအုပ်မှမသိဘူး"

"လိမ်နေတာ "

"ဆုလာဒ်မင်းပိုင် !!"

"ဒါဆိုဘာလို့ ကျွန်တော် အပေါ်ရုတ်တရက်ကြီးပြောင်းလဲသွားတာလဲ "

"မင်းအပေါ်မှာ ပြောင်းလဲခြင်း ၊ မပြောင်းလဲခြင်းတွေ လိုက်စိတ်၀င်စားနေရအောင် ကိုယ်မအားဘူး ပြီးတော့အဲ့လိုခံစားချက်တွေထားနေရအောင်လဲ မင်းက ...ကျစ်!"

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now