မိုးဖွဲလေးတွေတစ်ဖွဲဖွဲကျနေတာကိုပြတင်းကနေငေးကြည့်ရင်း ဆုလာဘ်မင်းပိုင် ဦး ကိုသတိရနေမိသည်။ သူဒီကိုပြန်ရောက်တာ နှစ်ရက်မြောက်ခဲ့ပြီ။ဦးကလဲ သူ့ကိုမဆက်သွယ်သလို ဆက်သွယ်စရာလဲ သူ့မှာမရှိ။ ပါးပြင်ပေါ်ကျဆင်းလာတဲ့မျက်ရည်တွေကို ဥပေက္ခာပြုရင်း ခေါင်းအုံးပေါ် မျက်နှာအပ်ကာ သူမှောက်အိပ်လိုက်သည်။
ဒီတိုင်းကြီးအခန်းထဲနေနေလို့ ဘာမှမထူးနိုင်။ သူတစ်ခုခုကြံမှရမည်။ မှတ်ပုံတင်ကစ ဖေဖေက သိမ်းထားသည်မို့ သူဘာမှလုပ်လို့မရ။ အလွမ်းရဲ့ဒဏ် ကိုသူဒီထက်ပိုပြီးတော့ မခံစားနိုင်တော့ပါ။ လောင်မြိုက်နေတဲ့ရင်ထဲကအပူမီးတွေကကြာရင်သူကိုအဆုံးထိ ဝါးမြိုတော့မည်။
သူ အခန်းထဲမှထွက်လိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ တိတ်ဆိတ်နေတဲ့ အိမ်ကြီးထဲ သူဖေဖေကို မျက်စိဝှေ့ကာ ရှာမိသည်။
"မောင်လေး ဗိုက်ဆာလို့လား "
ချိုသာပြုံးရယ်တဲ့အသံလေးနဲ့ ဖေဖေ မိန်းမက သူ့ကိုမေးလာသည်။ နဂိုစိတ်ရင်းဆို ယဥ်ကျေးစွာ သူပြန်ဖြေမိလိမ့်မည်။ သူခေါင်းပဲခါပြလိုက်ပြီး သူဆံပင်ကောက်တွေကြားစိတ်ရူပ်စွာ ထိုးဖွလိုက်သည်။
"ကိုကို ကိုရှာနေတာဆိုရင်တော့ ခဏစောင့်လိုက်ပါမောင်လေး ။ သူအပြင်ခဏထွက်သွားတယ် "
ပိုင်လေး အကြည့်က ထိုမိန်းမထံ ဒိုင်းကနဲရောက်သွားသည်။ သူ့အခေါ်ဝေါ်ကြီးက ပိုင်လေး နားထဲသို့ ကန်လန့်ကြီး၀င်လာခဲ့သည်။ ဒီအပြောတွေနဲ့ ဖေဖေ ကိုသိမ်သွင်းခဲ့သည်ထင်။
နုပျိုလှပနေဆဲထိုမိန်းမကို စိတ်ထဲသဘောမကျသော်လဲအရင်လိုသူ၀င်စွက်ဖက်လိုစိတ်မရှိ။ ဖေဖေလဲလုပ်ချင်ရာလုပ်သလိုသူလဲလုပ်ချင်ရာလုပ်ချင်သည်။
သူ့အကြည့်ကြောင့် ရှိန်သွားသည်ထင် သူ့ကိုတစ်ချက်ပြုံးပြကာ သူအလုပ်သူပြန်လှည့်လုပ်နေသည်။ ပိုင်လေး အိမ်ရှေ့သို့ ထွက်လာကာ ဒန်းပေါ်ထိုင်လိုက်ရင်းခြေထောက်နားရောက်လာတဲ့ ဘော်ဘီကို ကောက်ပွေ့လိုက်သည် ။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်