အပိုင်း(29)🍀

7.1K 249 51
                                    


"ကလေး....အထဲ၀င်တော့လေ ကိုယ်ပြန်တော့မယ်"

လန့်ဖျန့်စွာ သူမော့ ကြည့်တော့ ဦးက နူးညံ့စွာပြုံးသည်။ သူခေါင်းကိုတွင်တွင်ခါယမ်းရင်း ဦးခါးကိုတင်းနေအောင်ဖက်တွယ်တော့  ဦးက သူလက်မောင်းကို ပွတ်သပ်လာသည်။

"ကိုယ့် ပြန်လာခေါ်မှာပါ "

သူ ဦး ကိုမလွှတ်လိုက်နိုင်။ ဒီတစ်ကြိမ်လွတ်ပေးလိုက်ရင် ပြန်ဖက်တွယ်လို့မရတော့မှာသူကြောက်သည်။

"ကိုယ်ကတိပေးတယ် ကလေး.... ကိုယ်သေချာပေါက် မင်းကိုရအောင်ပြန်လာခေါ်မယ် "

သူငိုတော့ ဦးက အံကိုတင်းနေအောင်ကြိတ်ထားသည်ထင် မေးရိုးများထင်းထွက်နေသည်။ ငွေရောင်ကိုင်းအောက်က ဦး မျက်၀န်းတွေက ကြေကွဲနေမှန်းသိသာသည်။

သြဇာ ကောင်လေးရှေ့ဒူးထောက်ထိုင်ချကာ ခြေထောက်ကိုဆွဲယူလိုက်သည်။ ပေါင်ပေါ်သို့ တင်ယူလိုက်သည့် ခြေဖဝါးငယ်။ သွေးစ
ခပ်ဖွဖွကျတော့ ဒီရင်ကဆစ်ကနဲနာသည်။ ပေါက်ကနဲကျလာတဲ့မျက်ရည်စက်က မိုးရည်နဲ့မို့ မသိသာ။ သိုသော် ရင်ထဲကပြိုတာသိသာလွန်း၍ မွန်းကြပ်ရ၏။

"မလုပ်.... မလုပ်ပါနဲ့ "

လက်မောင်းက အင်္ကျီစကို စုတ်ဖြဲ၍ ကောင်လေးရဲ့ ဖနောင့်ကိုတင်းနေအောင်ချည်ပေးလိုက်သည်။ ဖိနပ်ကိုချွတ်၍ စီးပေးတော့ ကောင်လေးက ငြင်းသည်။

မျက်၀န်းတွေနဲ့တစ်ချက်ကြည့်တော့ မလွန်ဆန်နိုင်သူက အောက်နူတ်ခမ်းကိုကိုက်ပြန်သည်။ မြတ်နိုးလွန်းသည်။ မင်းကကိုယ်ဘယ်တော့မှမလွှတ်ချနိုင်တဲ့ တွယ်ငြိရာလေးတစ်ခု။

" ဦး...ကျွန်တော်ကိုခေါ်သွားပါ "

ဆုလာဘ်မင်းပိုင် အရှက်မဲ့စွာ ဦးလက်တို့ကိုဆုပ်ကိုင်ရင်း တောင်းဆိုမိပြန်သည်။

သြဇာ ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်ပြရင်း ကောင်လေးရဲ့ ဆံပင်ကောက်ကောက်လေးတွေကို ဆွဲဖွလိုက်သည်။

"ကိုယ်သေချာပေါက်လာခေါ်မှာမို့ မင်းကကိုယ်ကိုယုံယုံကြည်ကြည်နဲ့စောင့်နေပေးမယ်မလား ကလေး"

ပိုင်လေး ကံကြမ္မာကို မယုံသော်လဲ ဦးကိုယုံသည်။ လက်တွေ့ဆိုတာတွေမှကြိုက်တတ်တဲ့လူငယ်တစ်ယောက်ဖြစ်ပေ့မယ့် လူကြီးဆန်တဲ့ ဦး ရဲ့စကားကိုမဖယ်ရှားနိုင်။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now