ဖြိုးကို မိုးလင်းခါနီးမှ အိမ်ကိုပြန်ရောက်လာသည်။ အိမ်တံခါးက ပွင့်နေသဖြင့် သူ မျက်မှောင်ကျုံလိုက်မိသည်။ အပေါ်၀တ် အင်္ကျီကို ချွတ်လိုက်ပြီး ဧည့်ခန်းတွင်းရှိခုံမှာ လှမ်းတင်လိုက်သည်။"အခုချိန်မှအိမ်ပြန်ရောက်ရအောင် ဘယ်အလေလိုက်နေတာလဲ ဖြိုး "
အေးစက်တည်ငြိမ်နေတဲ့ ကျူးရင့်ရဲ့အသံကြောင့် ဖြိုး တုန်သွားသည်။ ချက်ချင်းလှည့်ကြည့်တော့ မီးဖိုထဲကပြုံး၍ ထွက်လာသူ။
"ငပိုင် ပြန်ရောက်နေလို့ !"
သူတစ်ခွန်းပဲ ပြန်ဖြေလိုက်ပြီး ရေခဲသေတ္တာမှ ရေတစ်ဗူးကို တစ်ရှိန်ထိုး မော့ချလိုက်သည်။ သူရင်ထဲကအပူတွေကိုမငြိမ်သက်နိုင်။ သူမသိစိတ်က ကျူးရင့်ကို ကြောက်နေမိသည်။ ဘယ်အချိန်မှ သူလွှတ်မြောက်နိုင်မှာလဲ။
"သူ့ကို ကိုယ်ထက်ပိုချစ်နေပုံပဲ "
"လာမနိူင်းနဲ့ !"
"ဘာလို့လဲ ..."
ကျူးရင့်ရဲ့အသံတွေက ဒီနေ့မှလိုတာထက်ပို၍ အေးစက်နေခဲ့သည်။
"ကိုယ်အနားလာအုံး "
"ကျွန်တော် စိတ်မပါဘူး ခင်များပြန်တော့ "
"ဖြိုးကိုကိုဦး!"
ဖြိုး စိတ်ရူပ်စွာ ဆံပင်တွေကိုထိုးဖွလိုက်ပြီး အနားသို့သွားထိုင်လိုက်သည်။
"ပြော!"
"ကိုယ်မင်းကို မစွန့်လွှတ်နိုင်ဘူး
ဖြိုး ""ဟွန်း!"
သူ့ ကိုရင်ခွင်ထဲဆွဲထည့်ကာ ပြောလာသူကြောင့် ဖြိုးကို ရယ်လိုက်မိသည်။
"ကိုယ်တစ်ကယ်ပြောနေတာ "
"ခင်များ အိမ်ကအပြီးထွက်လာခဲ့လိုက်လေ "
"ကိုယ်လက်ထပ်ရတော့မယ်... "
"ဘာ!!"
ဖြိုးကို အလန့်တကြားထရပ်လိုက်မိသည်။ တစ်ချိန်ခံစားရမှာသိပေ့မယ့် အဲ့လောက်မြန်မယ်မထင်ခဲ့။ အိုးထိန်းစက်ကဲ ချာချာလည်သွားတဲ့ခေါင်းက မအိပ်ရသေးလို့လား။ နာကျင်လာတဲ့နှလုံးသားက ဆေးအသုံးများခဲ့လို့လား။ ဒါမှမဟုတ် ချစ်ရသူ စကားကြောင့်လား။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်