Part-33

10 0 0
                                    

Unicode

ရှေ့မှမြင်လိုက်ရသောလူနှစ်ယောက်ကြောင့် လက်တွဲလျှောက်လာသောလူနှစ်ယောက်မှာ ရုတ်ချည်းရပ်တန့်သွားတော့သည်။

မသိစိတ်အရ မြဲနေခဲ့သော တွဲလက်တို့သည်လည်း အလိုအလျောက် ဖြုတ်မိလျက်သားဖြင့်။

ဆေးချီရှေ့မှမြင်နေရသောသူတို့ကြောင့် ဖျားငယ်ကို လည်ပြန်ကြည့်မိလိုက်သည်။ ဖျားငယ်၏ခရမ်းရောင်တောက်တောက်မျက်ဝန်းများသည် ခံစားချက်များကင်းမဲ့လျက်။

"အသင်အရင်သွားနှင့်ပါလော..နောက်မှကျွန်ုပ်လိုက်လာရော့မယ်"

"အင်း"

ဆေးချီ ထိုသူတို့ရှေ့မှဖြတ်လျှောက်ကာ တောထဲသို့အရင်ဝင်သွားတော့သည်။ ထိုသူတို့၏အကြည့်စူးစူးများက သူ၏နောက်ကျောတွင် ကပ်လျက်ပါလာသည်ကိုဆေးချီခံစားမိသည်။

သလ္လာရ ထွက်ခွာသွားသောကျောပြင်ကို ကြည့်ရင်းအမြဲတစေခံစားချက်များကင်းမဲ့လျက်ရှိသည့် မျက်လုံးသေများကပထမဆုံးအကြိမ် အံ့ဩမှုတို့စွန်းထင်းသွားခဲ့သည်။ ထိုကလေး၏မျက်နှာပေါက်သည် သူ(မ)၏ဦးနှောက်တွင် အချိန်အတော်ကြာနေရာယူထားဖူးသော လူတစ်ယောက်၏သွင်ပြင်နှင့် ဆင်တူနေခြင်းက တိုက်ဆိုင်ခြင်းပေသည်လား..သို့တည်းမဟုတ်..

"အဖ..မယ်"

ခေါ်သံတိုးတိုးကြား သူ(မ)၏ခေါင်းအား လှည့်မိတော့ မင်းဖျား။ ထိုကလေးသည် သူတို့နှစ်ယောက်အား တွေ့သည်နှင့်မည်သို့သောစကားကိုမှမဆိုပဲ ရှိခိုးသည်။ ဘေးမှမြို့စားမင်းဟောင်းတစ်ဖြစ်လဲ ဏဝသည်လည်းပဲ မလှုပ်မိသလို သူ(မ)ကိုယ်တိုင်သည်လည်း မလှုပ်မယှက်။

မိမိရင်မှဖြစ်သော ဤသားငယ်ကို သူ(မ)သံယောစဥ်မရှိပါ။ မြို့စားမင်း၏မျိုးနွယ်မှကြားရသည့်သတင်းစကားများအရ သူ(မ)၏သားသည် ယောကျ်ားလည်းမဟုတ်သလို မိန်းမလည်းမဟုတ်သည့် ဖြစ်တည်မှုမျိုးဖြစ်သတဲ့။

သလ္လာရခေါင်းကိုတစ်ဖက်သို့စောင်းငဲ့မိပါသည်။ သူ(မ)၏မျက်ဝန်းသည် ထိုတစ်ချိန်က မြင်ခဲ့ရသော မြင်ကွင်းနဲ့ ဝမ်းကွဲအစ်ကိုတော်၏ အမိန့်တော်အား ပြန်လည်အမှတ်ရမိသည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now