Part-34

12 1 1
                                    

Unicode

"သိပ်ကို စည်ကားရော့တယ်"

အံ့ဩတစ်ကြီးဖြင့် ရေရွတ်လိုက်သော ဖျားကို ကြည့်ကာ ဆေးချီပြုံးမိသည်။

ဖျားငယ်သည် လှပသောအပြုံးများဆင်မြန်းကာ ရှေ့မှကြက်ပျံမကျစည်ကားနေသော ဝဇီရပြည်၏ မြို့တော်ဈေးကြီးကိုကြည့်ကာ ရေရွတ်လိုက်ပုံက သိပ်ကိုချစ်စဖွယ်ပင်။

"ဒါ...ဝဇီရပြည်ရဲ့ မြို့တော်လားဟင်မောင်တော်"

"ဒါပေါ့...ဒုပန်ဓကမြို့လေ..ဒီမြို့မှာ မောင်တော်တို့နန်းတော်တည်ရှိတာပဲ"

သူတို့နှစ်ယောက် ချစ်သူဖြစ်သွားပြီမို့ ဖျားသည် ဆေးချီအားမောင်တော်ဟု ခေါ်တက်လေ့ရှိသည်။ သို့သော်တစ်ခါတစ်လေတွင်တော့ ဖျားသည်ဆေးချီဟုလည်း သုံးနှုန်းတက်သေးသည်။

မနက်ခင်းစောစောဖြစ်သည်မို့ မြို့ကြီး၏ ဈေးကြီးတွင် ဈေးဝယ်သူများ၊ကုန်သည်များ၊အသည်များ၊ကျွန်များဖြင့်စည်ကားလျက်ရှိသည်။ ထို့အပြင် အဆင့်အတန်းမြင့်ဟန်တူသော ပိုးဖဲကတ္တီပါများဝတ်ဆင်ထားသော လူများသည်လည်း ဈေးကြီးထဲတွင်တွေ့နိုင်သည်။

"ဖျားငယ်..မငေးရော့နဲ့ ကိုယ်တော်တို့သွားကြစို့"

"အမ်..အမ်းး"

ဆေးချီသည် ဖျားငယ်၏ လက်ကောက်ဝတ်ကို ဆွဲကာ တိုးဝေ့လျက်ရှိသောလူများစွာကြားမှတွန်းထိုးလျက်သည်။ နေပူပူ၊လူဆူဆူကြားထဲ ချွေးတစ်လုံးလုံး၊အမောတစ်ဆို့ဆို့ဖြစ်မှ လူအနည်းငယ်သာရှိသော လမ်းမတစ်နေရာသို့ရောက်ရှိရသည်။

"ဟူး...ဒါနဲ့ ဖျားငယ်တို့ ဘယ်ကို သွားရော့မလို့လဲ"

"ဖျားငယ်ကို နည်းနည်း ပြောင်းလဲပေးမလို့ပေါ့"

ပြုံးစစမျက်နှာပေးနှင့် ပြောနေသော ဆေးချီကိုကြည့်ကာ မင်းဖျားအပျော်များအနည်းငယ် ပျောက်ဆုံးသွားသည်။ ဆေးချီ ဘာကိုဆိုလိုချင်သည်ကို မင်းဖျားအနည်းငယ်ရိပ်မိ၍။

"ဒါ..ဒါဆို သွားကြရော့လေ"

အားတင်းကာ ပြုံးလိုက်သော ခပ်တောင့်တောင့်အပြုံးကို ဆေးချီမမြင်။ တကယ်တမ်း ဆေးချီ၏အချစ်သည် သူအဆင်ပြေရာကိုသာကြည့်တက်သော အတ္တဆန်သည့်အချစ်မျိုးပင်။ သို့သော် ဆေးချီသည် သူ၏ချစ်ခြင်းတရားအား ဘယ်သောအခါမှ ပြန်လည်ဆင်ခြင်မိမည်မဟုတ်မှန်း မင်းဖျားသိသည်။ ထို့ကြောင့် မင်းဖျားသည် ဆေးချီ၏အချစ်ကို သူသည်းခံနိုင်သမျှသည်းခံရန်သာ ဆုံးဖြတ်ရင်း ဆေးချီနောက်ကို လိုက်ပါသွားခဲ့သည်။

You've reached the end of published parts.

⏰ Last updated: 10 hours ago ⏰

Add this story to your Library to get notified about new parts!

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now