Unicode
တိုင်းပြည်ကိုချစ်မြတ်နိုးမယ့်သူမျိုး၊ပြည်သူပြည်သားတွေကိုချစ်ခင်ပြီးစာနာပေးမယ့်ဘုရင်မျိုး၊မင်းသားမျိုးတွေက ကိုယ်တော်အပြင်ရှိနိုင်ပါသေးတယ်။ သို့ပေသိ မင်းရဲ့နှလုံးသားထဲမှာတော့ နေရာအပြည့်ယူထားပြီး မြတ်နိုးရတဲ့သူကတော့ တစ်ယောက်တည်းသာရှိနိုင်တယ်ဆိုတာကို ကိုယ်တော်မေ့လျော့နေခဲ့ပါရဲ့ဖျားငယ်..သဟာအတွက်နဲ့ သင်ခန်းစာကဖျားငယ်နဲ့ကိုယ်တော်ရဲ့တစ်သက်စာဝေးကွာခြင်းတဲ့လား..ကိုယ်တော်အောက်မေ့မိပါရဲ့ဖျားငယ်..ပြီးနောက်ရော့ကွယ် ကိုယ်တော်တောင်းပန်အပ်ပါရဲ့
မဟာဆေးချီ
**********
**********
ရွှေရောင်နားတောင်းဝိုင်းဝိုင်းသေးသေးလေး၊ သျှောင်ထုံးမထုံးထားပဲ ဖြစ်သလိုစီးနှောင်ထားသောဆံနွယ်စများ၊ ဝါဝင်းသောအသားအရေနှင့် လူငယ်လေးတစ်ဦး။
မျက်ဝန်းအကြည့်များက စူးရဲသည်။ ရှေ့တူရှုမှ မြင်နေရသော သားကောင်ကိုသာအာရုံစိုက်ထားလျက်။ သို့သော်ငြားလက်ထဲတွင်က လှံတစ်လက်သာ။
အသက်ကိုပြင်းပြင်းရှုသွင်းရင်း လက်မောင်းတွင်အားထည့်ကာပစ်တော့ လျင်မြန်လှသောအရှိန်နှင့် ထိမှန်သွားသောသားကောင်။
"ဟား"
အသံတစ်ခုနှင့်အတူ လဲကျနေသော တောဝက်ဆီ သွားလိုက်တော့သည်။
ထိုတောဝက်သည် ဤတောအနီးတွင်ရှိ ရွာငယ်မှအခင်းများအားဖျက်ဆီးနေသော အကောင်ဖြစ်သည်။ အစွယ်များကားချွန်မြကာ အကောင်သည်အတော်အတန်ကြီးမားလှသည်။
ဒီကနေ့မနက်ခင်းကတည်းမှ ဒီအကောင်အားအမဲလိုက်ကြရန် ရွာသားများနှင့် ကြံရွယ်ထားခဲ့သော်လည်း ချက်ကောင်းကိုမထိမှန်ပါပဲနှင့် ဒဏ်ရာအပြင်းအထန်နှင့်သာ တောထဲဝင်ပြေးသွားသည်မို့ နောက်မှလိုက်ပါကာ အမြစ်ဖြတ်ရခြင်းဖြစ်သည်။
နောက်ဆုံး..ဗိုက်တွင်ရရှိထားသောဒဏ်ရာပေါ်ကို ထပ်ဆင့်လှံတံပစ်လွှတ်လိုက်ပါမှ တစ်ခါတည်းတုံးခနဲလဲသွားခြင်းဖြစ်သည်။
YOU ARE READING
Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်)
Romanceပုဂံခေတ်မှ ဘုရင်တစ်ပါး၏ကျိန်စာတိုက်ခြင်းကို ခံခဲ့ရတဲ့မျိုးနွယ်စုတစ်ခုမှ ကျိန်စာရှင် ကောင်လေးတစ်ယောက် ထိုကောင်လေးကိုမှ မြင်မြင်ချင်း ချစ်မိသွားခဲ့တဲ့ Englandနိုင်ငံရဲ့ ဒုတိယမင်းသားကပြားကောင်လေး သူတို့နှစ်ယောက်ကြားက ဆန်းကြယ်တဲ့ ကံကြမ္မာနဲ့ ထူးဆန်းတဲ့...