∆.04

57K 2.1K 222
                                    

Unicode

နွေးတယ်...
အရမ်းနွေးနေတာ...

လူဖြစ်ခဲ့ရသည့် တစ်သက်တာလုံးမှာ ပထမဆုံး ခံစားရတဲ့ အနွေးဓာတ်လေး ၊ ထိုလို နွေးထွေးမှုမျိုးကို ပထမဆုံးရဖူးခြင်းမို့ ရင်ခွင်ပြုံးနေမိသည်။ အရက်အမြဲသောက်ကာ လောင်းကစားများ လုပ်တတ်လွန်းသည့် ဖခင်ဖြစ်သူသည် သားဟုပင် သူ့အား မသက်မှတ်ခဲ့ပေ။

ဖခင်ဖြစ်သူမို့ တစ်ခါပင် စိတ်မဆိုးရက်ခဲ့သော်လည်း ဖခင်အရင်းမှ ဟုတ်ပါရဲ့လားဟု အကြိမ်ကြိမ်တွေးတောမိခဲ့သည်အထိ ဖြစ်ခဲ့ဘူးသည်။ အမြဲတမ်း ဖခင်သည် အလောင်းကစားဝိုင်း ထိုင်တက်သူမို့ ည၁နာရီ ၊ ၂နာရီမှသာ ပြန်လာတတ်သည်။ အမြဲတစ်ယောက်ထဲ ကြောက်ကြောက်လန့်လန့်အိပ်ခဲ့ရသည့် ညတိုင်းသည် အမှန်တကယ်ကို သူအရမ်းပင်ပန်းခဲ့ရပါသည်။

မိုးများချိန်းကာ တစ်အိမ်လုံးအမှောင်ကျနေတဲ့အချိန်တွေနဲ့ အရမ်းကြောက်ရွံ့နေချိန်တွေမှာတောင် ဘေးနားတွင် စောင်တစ်ထည်သာရှိခဲ့သည်။ တိရစ္ဆာန်လေးတွေ ချစ်တတ်သော်လည်း ဖခင်၏ရိုက်သတ်မှာ ဟူသည့် ကြိမ်းမောင်းသံကြောင့် အိမ်မခေါ်နိုင်ခဲ့ပဲ သူများအိမ်တွေကို လိုက်ပေးရသေးသည်။

တွေးကြည့်လေ ပင်ပန်းလေမို့ အတိတ်ကို ဆက်မတွေးပဲ လက်တွေ့ရှိနေသည့် နွေးထွေးမှုလေးကို မဆုံးရှုံးချင်သည်မို့ မျက်လုံးများကို မဖွင့်ပဲ ထပ်အိပ်လိုက်လေသည်။ နေရောင်ခြည်ကိုတော့ ရင်ခွင် ခနတာ မသိချင်ဟန်ဆောင်လိုက်မိပါသည်။

" ကျစ်! "

အနည်းငယ် အောင့်သက်သက်ဖြစ်နေသည့် လက်မောင်းကြောင့် အာဏာ စုပ်တစ်ချက် သတ်လိုက်မိသည်။ တစ်ညလုံး ခေါင်းအုံးခိုင်းထားမိသည့် သူ၏လက်မောင်းက အောင့်သက်သက်ခံစားချက်ကို အာဏာသဘောမကျ။

ဟက်!

ပြုံးကာအိပ်နေသည့် ရင်ခွင့်ကိုမြင်၍ အနည်းငယ် နှုတ်ခမ်းတွန့်ကာ ဟက် ခနဲရယ်လိုက်မိသည်။ အိပ်လို့ကောင်းနေသည်ထင် အာဏာ၏ခါးကိုတောင် ဖက်ထားလိုက်သေးသည်။ ယုတ်မာသည်က အကျင့်ဖြစ်နေသည်မို့ လက်အား ဆက်ကနဲ ဆွဲယူလိုက်သည်။ မွေ့ယာဖြစ်သော်လည်း လက်အား ဆက်ကနဲဆွဲယူလိုက်သည့် အာဏာကြောင့် ရင်ခွင်မှာ လန့်သွားကာ ထထိုင်လိုက်မိသည်။

𝑲𝒊𝒔𝒔Where stories live. Discover now