∆.35

16.6K 683 46
                                    

Unicode .

" ခင်ဗျားကို သေနေပြီထင်လိုက်တာ "

" ဘာ! မင်း! "

စကားကို ငြင်သာစွာ နည်းနည်းတောင် မပြောတတ်သည့် ထိုကောင်လေးဟာ ထက်ဝဏာမနိုးမချင်း ထိုင်စောင့်ပေးနေခဲ့သူဖြစ်သည်။ ထို့အပြင် အိပ်နေသူ ထက်ဝဏာ အိပ်ရေးမပျက်ရန် အာဏာတို့နှင့်ပင် အတူမပြန်သည်အထိပင်။

ထက်ဝဏာတစ်ယောက် ညက အိပ်ရအဆင်မပြေတာကြောင့် အတော်နှင့် အိပ်မပျော်ခဲ့ပေ။ အိပ်ရာပေါ်ရောက်သည်နှင့် သည်ကောင်လေးနှင့် ခွာနိုင်သမျှခွာကာ ဟိုတွေးသည်တွေး တွေးရင်းမှ မနက်( ၆ )နာရီလောက်မှ အိပ်ပျော်သွားခဲ့သည်။ ထို့ကြောင့်လည်း သူအခုလို ညနေစောင်းသည်အထိ အိပ်မိသွားခြင်းဖြစ်သည်။

" ဟို...ငါအကြာကြီးအိပ်မိသွားတာလား "

" နေဝင်နေတာမမြင်ဘူးလား "

အမေးကိုအမေးဆင့်ကာ နည်းနည်းလေးတောင် ငြင်သာခြင်းမရှိသည့် ထိုကောင်လေးကိုကြည့်ကာ သူတွေးမိတာတစ်ခုသာရှိသည်။ ထိုကောင်လေးသာ သူ့ညီဆို ခေါင်းကိုဆယ်ချက်လောက်ခေါက်ပြီး ပင်လယ်ထဲပစ်ချမိမှာ။ နိုင်လို့ရယ်တော့မဟုတ်ပေမဲ့ ခြေထောက်ကနေတော့ သူဆွဲနိုင်ပါသေးသည်။ အတွေးတို့အား ရပ်ကာ မတ်တပ်ရပ်နေသူ ဘုရင့်အား မျက်စောင်းထိုးလို့ ထက်ဝဏာ အပြင်ထွက်ဖို့သာ ပြင်ရတော့သည်။

" ဘယ်လဲ "

" အိမ်သာသွားတက်မှာ! "

" ပြန်မယ်...မိတ္ထီလာရောက်မှ တက်တော့ "

" ဟာ...ဒီကောင်ကတော့...အဲ့ထိအောင့်ထားရင် ငါဝမ်းပိတ်သွားမှာပေါ့ "

" ဝမ်းနှုတ်ဆေးဖိုး တစ်ယောင်းဖိုးလုံး ဝယ်သောက်ချင်သောက် "

ပြောချင်ရာပြောကာ အင်္ကျီများချွတ်နေသူကြောင့် ထက်ဝဏာ ပိုက်ဆံ တစ်သောင်းအား လွှင့်လိုက်ကာ Toilet ထဲဝင်လိုက်တော့သည်။ အိမ်သာတက်ချင်တာတောင် မိတ္ထီလာမှ တက်တဲ့လေ။ အဲ့ကောင်လေး၊ သူ့အလှည့်ကြရင် သေမှတက်လို့ကို ပြန်ပြောပစ်အုံးမည် ဟု ထက်ဝဏာ တေးထားလိုက်ပါသည်။

ထက်ဝဏာတစ်ယောက်အားလုံးပြီးစီးလို့ ပေါ့သွားသည်နှင့် Toilet မှ ထွက်လာလိုက်သည်။ ထက်ဝဏာထွက်လာတော့ ခါးပတ်ကြိုးအားကိုင်ကာ ထိုင်နေသူသည် ဘောင်းဘီဇစ်မတွယ်ထားသည့်အပြင် အင်္ကျီကျွတ်နေသည့် ဘုရင့်ဝမ်းဗိုက်မှ ပေါင်မုန့်ခြောက်ခုကြောင့် ထက်ဝဏာ ကော်ဖီသောက်ချင်သွားရသည်။

𝑲𝒊𝒔𝒔Where stories live. Discover now