∆.21

30.3K 1.3K 141
                                    

Uni

# ဝတ္ထုပါအကြောင်းအရာတိုင်းသည် စာရေးသူ၏စိတ်ကူယဉ်သက်သက်သာဖြစ်သည်။ ဝတ္ထုအား ဝတ္ထုလိုသာ ဖတ်ပေးပါဗျ။ #

အာဏာဟာ ပြင်သစ်သို့ စရောက်ပါပြီဆိုကတည်းက ရဲရင့်လွတ်နိုင်မည့်နည်းအကုန်ပြုလုပ်ခဲ့သည်။ အာဏာဟာ အရမ်းကို ခက်ထန်မာ‌‌ကျောလွန်းသူ ဖြစ်ခဲ့သော်လည်း သူနှင့်အနီးကပ်နေသူတိုင်းအပေါ် သံယောဇဉ်တော့ရှိပါသည်။

တစ်ရက်တည်းနှင့် ကိစ္စအကုန်လုပ်ကာ ဆိုင်သူလေးထံ ဖုန်းတောင် မဆက်ဖြစ်ခဲ့သည်အထိပင်ဖြစ်၏။ အာဏာဟာ သုံးရက်ဆိုသည့် အချိန် ပေးခဲ့သည်မို့ သူပြောသည့်အတိုင်း သုံးရက်ပြည့်ရင် မြန်မာနိုင်ငံရှိ ရင်ခွင့်ဆီသို့ ပြန်နိုင်ရန် ကြိုးစားနေခဲ့သည်မှာ ထမင်းစားဖို့တောင်မေ့လျော့နေခဲ့သည်အထိပင်ဖြစ်သည်။ ရေတောင် ရာဇနှင့် သက္ကရာဇ်အလှည့်ကျ ချပေးလာသည်မို့ သောက်နေခြင်းသာ။

" ခိန်း...Boss အတွက် စားဖို့ တစ်ခုခု စီစဉ်ပေးတာ ပိုအဆင်ပြေမယ်ထင်တယ် "

" Bossကမစားလို့လေကွာ...ပြီးတော့ မပို့ဖို့အမိန့်ပေးထားတာကို ငါက ဘယ်ကသတ္တိနဲ့ပို့ရမှာလဲ "

" လာလေ...အားအင်အပြည့်ရပြီး သတ္တိတွေ ရှိလာအောင် ငါ့နှုတ်ခမ်းကို အကြိမ် ( ၁၅၀၀ ) လောက် စုပ်နမ်းပစ်လိုက် "

" သေလိုက်လေ...ခွေးကောင် "

အပြင်ဘက်တံခါးဝတွင် ရပ်စောင့်နေသည့် သက္ကရာဇ်နှင့်ရာဇမှာ သူတို့၏Bossဖြစ်သူ စားရန် ထမင်းပို့ချင်သော်လည်း " ငါအလုပ်တွေမပြီးမချင်း ဘာအစားအစာမှ လာမချနှင့် " ဟူသည့် Boss၏အမိန့်ကိုလည်း မလွန်နိုင်ဖြစ်နေလေသည်။ အတွင်းထဲရှိ Bossအား ရာဇ တစ်ချက်လှမ်းကြည့်လိုက်တော့ မျက်မှောင်ကုတ်နေသည့် Bossဖြစ်သူကြောင့် ထမင်းမပို့တော့ဖို့ ရာနှုန်းပြည့်သေချာသွားလေသည်။

" ကျစ်! "

အာဏာအလုပ်လုပ်နေရင်းမှ နက်ကတိုင်အား လျှော့ကာ ဘောပင်အား လွှင့်ပစ်လိုက်သည်။ တစ်နေကုန်အလုပ်လုပ်နေသော်လည်း ပြင်သစ်ရောက်ပါပြီဆိုကတည်းက တစ်ခါတောင် ဝင်မလာသည့် ဖုန်းအဝင်ကောလ်ကြောင့် ထပ်ပြီး အာရုံစိုက်မရတော့ပေ။

𝑲𝒊𝒔𝒔Where stories live. Discover now