∆.52

13.4K 673 34
                                    

Unicode

" မင်းတို့ကိုငါ ဆွဲကြိုးမှာတာ သုံးရက်ရှိပြီ...အခုချိန်ထိ ငါ့ဆီရောက်မလာသေးဘူး...မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ ဟမ်! "

* ကျွန်တော်တို့သုံးလလောက်နေရင် ပို့ပေးပါ့မယ်...ဒီဘက်မှာလည်း ပြဿနာလေးတွေရှိနေတာကြောင့်ပါ...ပြီးတော့ မိတ္ထီလာကားကလည်းရှာရခက်လို့ပါ *

ဒေါသကြီးစွာဖြင့် အာဏာဟာ ခြံရှေ့ထွက်လို့ အော်ဟစ်သောင်းကျန်းနေလေသည်။ အကြောင်းအရင်းကတော့ မှာယူထားသည့်ဆွဲကြိုးလေးရောက်မလာသည်မှာ သုံးရက်ကြာသွားပြီဖြစ်သည့်အပြင် စိတ်မရှည်တတ်သည့်သူ့အတွက် စိတ်ကိုအတော်လေးလျှော့ပြောနေရသည်။ ငွေလွှဲပြီးသားဖြစ်သည့်အပြင် အမြန်ပို့ဆိုပြီး အာဏာတစ်သောင်းတိတိ ပိုပေးထားခဲ့သော်လည်း သုံးရက်ကြာသည်အထိ ပစ္စည်းကရောက်မလာခဲ့ပေ။

" မင်းတို့သူဌေးပေးလိုက်...ငါသူနဲ့စကားပြောမယ် "

* အဲ့လိုမရပါဘူးဗျ...ကျွန်တော်တို့နဲ့ပဲ... *

" ရန်ကုန်နဲ့မိတ္ထီလာ ကားရှားတယ်ဆိုကတည်းက မင်းတို့လိုကောင်တွေနဲ့ ဆက်ပြောစရာစောက်ကြောင်းမရှိတော့တာကွာ...မင်းရှင်းလား! "

သူတို့စကားကိုဆက်မပြောစေပဲ အာဏာဖြတ်ပြောလိုက်သည်နှင့် တစ်ဖက်မှ တောက်ခ်ခေါက်သံကိုကြားလိုက်ရသည်။ အာဏာ့အတွက် အလျှော့ပေးဖို့ဆိုတာ မဖြစ်နိုင်တော့သည်မို့ အာဏာဟာ ချက်ချင်းအိမ်ထဲဝင်ကာ ကားသော့ဆွဲလို့ကားပေါ်တက်ထိုင်ကာ ဆက်နှိုးထားလိုက်သည်။

* သွားစရာရှိရင် သွားပါဗျ...သုံးလပဲ ထပ်စောင့်ပေးပါအကို ကျွန်တော်တို့အရောက်ပို့ပေးပါ့မယ်ဗျ...ကျွန်တော်တို့တကယ်ကို အခက်အခဲလေးတွေရှိနေလို့ပါ...အကောင်းဆုံးလုပ်ပေးပါ့မယ်လို့ကတိပေးပါတယ် *

" တော်စမ်းပါကွာ! မင်းတို့ရန်ကုန်ကဆိုင်ကို ငါအခုလာခဲ့မယ်...ပစ္စည်းမပြီးသေးရင် မင်းတို့ဆိုင်ကို ဖြေရှင်းချက်မပေးပဲ မီးရှို့ပစ်မယ်...မင်းကြားတယ်နော် "

အာဏာ့ကို တောက်ခ်ခေါက်ရဲမည့်သူမရှိခဲ့သော်လည်း ဖုန်းထဲကကြားလိုက်ရသည့် တောက်ခ်ခေါက်သံကြောင့် အာဏာအတော်လေးစိတ်တိုသွားရသည်။ ဆိုင်သူလေးကလွဲ မည်သူမျှ သူ့ကိုမော်မကြည့်ရဲတာမျိုးကိုသာ လိုချင်သည်။

𝑲𝒊𝒔𝒔Where stories live. Discover now