∆.20

37.1K 1.4K 187
                                    

Uni

မနက်ခင်းအလင်းရောင်နှင့်အတူ နိုးထလာခဲ့ပေမဲ့ ဘေးမှမနိုးသေးသည့်သူအား အာဏာသေချာကြည့်နေမိသည်။ နှစ်ရက်လုံးမနားတမ်းပေးထားသည့် အမှတ်အသားတို့နှင့် လှချင်တိုင်းလှနေသူကြောင့် အာဏာက ရင်ခွင့်အနားတိုးလို့ နှာဖူးထက် ခပ်ဖွဖွအနမ်းပေးလိုက်သည်။

မှောက်လျက်အနေအထားသို့ပြောင်းလိုက်ပြီး ရင်ခွင့်ဘက်သို့ မျက်နှာစောင်းကာ စိုက်ကြည့်နေမိသည်။ အနီးကပ်ကြည့်လိုက်မှ အတော်ကိုလှလွန်းနေသည်မို့ အာဏာနှုတ်ခမ်းလေးအား တစ်ခါထပ်မံနမ်းရှိုက်မိပြန်သည်။ ခနအကြာမှ အချိန်ကိုတွေးမိသည်မို့ နာရီကြည့်လိုက်မိတော့ 10နာရီပင်ထိုးနေလေပြီ။ ရင်ခွင်ကအရင်ဆို ၉နာရီနောက်ဆုံးနိုးနေကြလေ။ အာဏာတစ်ယောက် ချက်ချင်းထကာ ရင်ခွင့်အားနှိုးသည်။ နှိုးမရ၍ ရေပုံးယူကာ လောင်းချသော်လည်း နိုးမလာသေးပေ။ ထို့ကြောင့်အဝတ်လဲပေးကာ ဆေးရုံကိုအမြန်ပြေးရတော့လေသည်။

အာဏာတစ်ယောက် လုပ်ချင်ရာလုပ်ပြီး ဆေးစစ်နေသည့် လရောင်ဘေးနားတွင် ဟိုလျှောက်လိုက် ဒီလျှောက်လိုက် ဂနာမငြိမ်ဖြစ်နေလေသည်။ လရောင်ကငြိမ်ငြိမ်ထိုင်ခိုင်းတာတောင်မထိုင်။  မင်းအငြိမ်မနေရင် ငါအကိုရင်ခွင့်ကို ဘယ်လိုဆက်ကြည့်ရမှာလဲ ဟုပြောကာမှ ထိုင်ခုံတွင် ထိုင်သွားသည့် အာဏာဟာ မျက်ဝန်း၌ မျက်ရည်စတွေအပြည့်နှင့်။

အရမ်းအားနည်းနေသည့်အပြင် အဖျားပါတက်နေသည်ကို သိရတော့ အာဏာတစ်ယောက် သူ့ကိုသူ စိတ်တိုကာ နံရံကိုထိုးနှက်သည်မှာလည်း အကြိမ်ကြိမ်မို့ လရောင်နှင့် ရှိန်းထက် ဝင်ဆွဲရသေးသည်။ ရှိန်းထက်ကတော့ လရောင်ဆေးခန်းအမြဲလာထိုင်နေတာကြောင့် ရှိနေခြင်းဖြစ်သည်။

" ငါမသိဘူး...သူအခုလောက်ထိ ဖျားနေတာကို ငါဘာလို့မသ်ိရတာလဲကွာ "

" စိတ်ကြွဆေးက တိုက်တိုင်းမကောင်းတာကို မင်းသိရက်နဲ့ ဘာလို့တိုက်ရတာလဲ ပြည့်ရှင် "

" သူအားနည်းနေတာကို မသိလို့...ငါတကယ်မသိလို့ပါကွာ "

Sob*

မျက်နှာအား လက်ဖြင့်အုပ်ကာ ငိုလာသည့် အာဏာဟာ အကြောဆေးပါသွင်းရပြီး ယခုထိ သတိမရလာသူကို အတော်စိတ်ပူနေသည်မှာ သိသာလှသည်။ နံရံသို့ထိုးထားသည်မို့ လက်ဆစ်များမှာ ပွန်းပဲ့ကာ သွေးတွေပါထွက်နေသော်လည်း အာဏာက ဆေးမထည့်ပဲ ပေတေနေခဲ့သည်။

𝑲𝒊𝒔𝒔Where stories live. Discover now