∆.19

33.3K 1.4K 159
                                    

Unicode...

အာဏာ ဆင်းလာသည့်အချိန် အတော်ကို မူးနေပြီ ဖြစ်သည့် ရင်ခွင်နမ်းမှာ ပိုးဟပ်တစ်ကောင်အား ကိုင်လျက် ပြောချင်ရာတွေပြောနေလေသည်။ ထိုပိုးဟပ်ကို ရင်ခွင် ဘယ်နားကဖမ်းလာသည်လဲမသိသည့်အပြင် ရင်ခွင့်လက်ထဲရှိ ဘာမှန်းမသိသည့် မဲမဲလေးအားကြည့်ကာ အာဏာကြောင်နနလေး ဖြစ်သွားရသည်။ အကောင်ကိုင်ထားသည်ကိုသိသော်လည်း ရင်ခွင်ဘာကောင်ကိုင်ထားသည်ကို အာဏာအခုထိ မသဲကွဲသေးသောကြောင့်ပင် ဖြစ်၏။

" မင်းသိလား...မင်းမသိပါဘူး...မင်းကအားနေ အိမ်သာထဲ ပတ်ပြေးဖို့ပဲသိတာ...ဟင့်! "

မျက်နှာအား မဲ့လျှက် ပိုးဟပ်အား သေချာကြည့်ကာ ပြောနေသူမှာ မည်မျှလောက်ထိ သောက်ပစ်သည်မသိသည်မို့ အာဏာ စားပွဲထံအကြည့်ပို့မိလေတော့ ဘီယာဘူးခွံများနှင့် အရက်ပုလင်းနှစ်ပုလင်း။

" အဲ့ခွေးကောင် အာဏာ...ချစ်ရမယ့်လူရှိရက်နဲ့ ငါ့ကိုယူလည်းယူတယ်...ဟိုဟွာလည်းပြုတယ်...အီးဟီး ငါကိုယ်ဝန်ရချင်လိုက်တာ...အဲ့တာဆို အာဏာ့သွေးပါတဲ့ ကလေးလေးကိုခေါ်ပြီး အာဏာ့အနားက အပြီးထွက်သွားမှာ! မင်းသိလား! "

ပြောနေရင်းမှ ဆူပုတ်ပုတ်လေးဖြစ်ကာ ပိုးဟပ်အား အောက်ပစ်ချသည်။ ပြီးသည်နှင့် ပြန်ကောက်သည်။ ပိုးဟပ်က အသေကြီးမို့သာ မဟုတ်ရင် ထွက်ပြေးနေလောက်ပြီ။

" အဲ့ကလေးလေးကိုခေါ်သွားရရင် ငါ့အနားအာဏာရှိနေသလိုပဲလေ...ဒါပေမဲ့ သူ့ကိုမရှိစေချင်ပါဘူး...သူ့ရင်သွေးလေးကိုပဲ ရှိစေချင်တာ "

ရင်ခွင်၏ စကားများကြောင့် အာဏာမျက်မှောင်ကျုံ့ကာ ရင်ခွင့်အနားသွားရန် ပြင်နေစဉ် လက်ထဲရှိ ပိုးဟပ်အား အမွှေးလေးမှ ကိုင်ကာ လှုပ်နေသည်မို့ အာဏာတစ်ယောက် ရင်ခွင့်လက်ထဲမှပိုးဟပ်အားကြည့်ပြီး မျက်လုံးပြူးသွားရသည်။ နေ့လည်း ချက်ချင်းဆိုသလို အာဏာ့အနောက်ရောက်သွားလေ၏။

" Kiss...ခင်ဗျား...ပိုးဟပ်ကြီးကို ဘယ်ကဖမ်းလာတာလဲ! "

" ဟင်! ပိုးဟပ်လား...အော...ဟီး ငါအိမ်နောက်ဖေး အပေါ့သွားတုန်း သူ့ကို ရှူရှူးပန်းမိသွားလို့ ရေချိုးပေးမို့ခေါ်လာတာ...ဒါမဲ့ ငါ့မျက်လုံးတွေဝါးနေတယ်...ဘာမှလည်း မမြင်ရဘူး...အင့် မင်းချိုးပေးလိုက် "

𝑲𝒊𝒔𝒔Where stories live. Discover now