∆.56

12.7K 524 77
                                    

Unicode

" မင်းဘယ်တွေလျှောက်သွားနေတာလဲ ဘုရင်! မနက်လေးနာရီတောင်ရှိနေပြီ! "

ထက်ဝဏာဟာ စိတ်ပူပူနှင့် ဖုန်းတွေဆက်သော်လည်း ဘုရင်ဟာ မကိုင်ခဲ့သည်မို့ စိတ်ပူပူနှင့်မလာမချင်းထိုင်စောင့်နေခဲ့သည်။ တစ်နေကုန်နှင့်တစ်ညလုံး ပြန်မလာပဲ မနက်လေးနာရီမှ ပြန်ရောက်လာသူ ဘုရင့်အား ထက်ဝဏာအော်၍ ဆူမိတော့သည်။ တစ်ရေးတောင်မအိပ်နိုင်ပဲစောင့်နေသည့် ထက်ဝဏာဟာ ရောက်လာ၍ပျော်သွားသော်လည်း ခြေထောက်ကြည့်လိုက်ချိန် ပတ်တီးစီးထားခြင်းမရှိတာကြောင့် ပိုလို့ပင် စိတ်ပူပြီး ဒေါသထွက်ရသည်။

" အာဏာဘုရင်...ငါမေးနေတယ်လေ "

" ခင်ဗျားနဲ့မသက်ဆိုင်တဲ့ကိစ္စပါ...ဘာလို့ စိတ်ပူနေတာလဲ ဝလုံး "

" မင်းအရက်သောက်လာတာလား "

" .... "

" မင်းအသက်က အခုမှ နှစ်ဆယ်ပဲရှိသေးတာ အာဏာဘုရင်!စရိုက်ပျက်ကောင်တစ်ယောက်လို သောက်စားတတ်နေတာပေါ့ဟုတ်လား! "

" ခင်ဗျားနောက်ဆို ဆုံးမစရာအပြစ်မရှိမဆိုးလို့...ကျုပ်က အပြစ်တွေတန်းဆီလုပ်ပေးနေတာ...မစော်ကားနဲ့ "

" အော် ကျေးဇူးရှင်ကြီး...မင်းကိုလေ ကျေးဇူးတင်လွန်းလို့ ဆောင့်ကန်မိတော့မှာပဲ "

" နားငြီးတယ် "

မျက်မှောင်ကြုတ်ကြည့်လို့ အပေါ်ထပ်သို့တက်သွားရန်ပြင်နေသူအား ထက်ဝဏာ လက်တစ်ဖက်နှင့်ဆွဲလိုက်သော်လည်း ပါမလာပဲ ရပ်ကာ လှည့်ကြည့်လာသူကြောင့် ထက်ဝဏာလက်နှစ်ဖက်ဖြင့် ဆောင့်ဆွဲချလိုက်ပြီး ဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။

" မကိုင်နဲ့! "

" ဆေးလိမ်းပြီးပတ်တီးစီးပေးမလို့ အငြိမ်နေ...ငါမင်းကိုစိတ်ဆိုးနေတယ် "

" ချော့တယ်...ပြေတော့ "

" မင်းရည်းစားရမှ အဲ့လိုချော့လေ...ငါကတော့မပြေနိုင်ဘူး... "

" ခြေထောက်ကိုမကိုင်နဲ့...ကျုပ်ရတယ် "

" ကိုင်မှာပဲ! မင်းရလည်း ငါမရဘူး "

ကျစ်!

ပြောမရသည့်အဆုံး ဘုရင်အငြိမ်သာနေလိုက်တော့သည်။ ဆေးထည့်နေချိန် မျက်နှာပျက်နေသူကြောင့် ထက်ဝဏာမှာ မျက်စောင်းတထိုးထိုးဖြစ်နေလေသည်။ ဒီလောက်အနာနဲ့ တစ်နေကုန်နဲ့တစ်ညလုံး အိမ်ပြန်မလာပဲ အရက်သောက်လာနိုင်သေးတာကို ထက်ဝဏာအံ့ဩလို့မဆုံးဖြစ်နေရသည်။

𝑲𝒊𝒔𝒔Where stories live. Discover now