∆.05

57K 2K 226
                                    

Unicode...

∆ Pk Bar ∆

PK BARသည် အာဏာပြည့်ရှင် ပိုင်ဆိုင်ရာ Bar တစ်ခုဖြစ်သည်။

" ဦးရှိန်ဝါ...ဘာကိစ္စရှိလို့ ကျုပ်နဲ့ တွေ့ချင်ရတာလဲ "

" Power သား ဦးလေးမင်းဆီက အကူအညီလိုအပ်လို့ပါ "

အာဏာသည် အရက်ခွက်အား ယူကာ မော့သောက်လိုက်ပြီး ဦးရှိန်ဝါအား မေးဆတ်ပြကာ ဆက်ပြောရန် အချက်ပြလေသည်။

" ဦးလေးသားရှိန်းစွမ်းရည်ကို...သားသိမယ်လို့ ဦးလေးထင်ပါတယ် "

" ခင်ဗျားသားက ဘာကောင်မလို့...ကျုပ်ကသိရမှာလဲ "

အနည်းငယ် ခက်ထန်လာသည့် အာဏာသည် ဦးရှိန်ဝါ၏ သားအား ကောင်းကောင်းသိပါသည်။ တစ်နည်းအားဖြင့်ပြောရရင် ရင်ခွင်၏ဖခင် ဦးရင်အေး သေဆုံးမှုတွင် ပါဝင်နေသူဆိုသည်လည်း မမှားသည်မို့ပင်။

" အာ ဦးလေးပြောတာက...ဦးလေးသားက လာမယ့်ရွေးကောက်ပွဲမှာလည်း...သူပဲအနိုင်ရချင်တယ်လို့ ဦးလေးကိုပြောလာတယ်...အဲ့တာ သားဘက်ကပါ ကူညီမယ်ဆိုရင်... "

" ဟက်! "

ဦးရှိန်ဝါပြောလာသည့် စကားများကို အာဏာက ခပ်ဟဟရယ်လျက် ခနဲ့လေသည်။အာဏာသည် တစ်ခွက်ကြိုတင် ထည့်ထားပြီးသည့် ခွက်အား ထပ်မော့ကာ ခြေချိတ်လျက် အာဏာက ဆိုလေသည်မှာ ဦးရှိန်ဝါအတွက် သည်းမခံနိုင်စရာဖြစ်နေသည့် အမှန်တရားတစ်ချို့ဖြစ်နေသည်။ အာဏာသည် ဦးရှိန်ဝါ၏ကျောချင်းကပ်ရပ် ဝိုင်းမှလူ၏တုန်ယင်နေမှုအားကြည့်ကာ မဲ့ပြုံးတစ်ခုအား ပြုံးလေသည်။

" ပြည်သူတွေအပေါ် နည်း‌နည်းလေးမှမကောင်းတဲ့အပြင်...စောက်ဆံကို ဘဝကြီးထင်တဲ့ ခင်ဗျားသားကို...ကျုပ်က supporting ပေးရမယ် ဆိုပါတော့ "

ခေါင်းငုံ့သွားသည့် ဦးရှိန်ဝါသည် အနာထိသွား၍ထင်။ အာဏာက ခပ်ဟဟရယ်ကာ ဦးရှိန်ဝါအား စကားဆက်သည်။

" ခေါင်းဆောင်လုပ်ချင်ရင် ခေါင်းဆောင်လုပ်ထိုက်တဲ့ အရည်အချင်းရှိရမယ်လေ...ခင်ဗျားသားက ခေါင်းဆောင်လုပ်ချင်ပြီး...ခေါင်းဆောင်ကောင်းကဘာမှန်းတောင် မသိတာကို ကျုပ်ကဘာကိစ္စ ငွေကုန်ခံပြီး မဲနိုင်ဖို့ကူညီရမှာတုန်း...ခင်ဗျားလည်း စောက်သုံးမကျတဲ့သားကိုမဆုံးမပဲ အားပေး‌အားမြှောက်လုပ်တာလျော့ ဘဝမမေ့နဲ့ ခင်ဗျားတို့ကို အမြင့်တင်ထားတာ ကျုပ်အသုံးချဖို့ဆိုတာမမေ့နဲ့ "

𝑲𝒊𝒔𝒔Where stories live. Discover now