∆.50

14.8K 673 75
                                    

Unicode

" အာဏာ "

" ကျုပ်အိပ်နေတယ်လေ Kissရာ...ဆာရင် စားထားနှင့်...လိုက်ခဲ့မယ် "

" မစားဘူး...အွန့် ကြည့်လိုက်...အာဏာ ကြည့်လို့ဆိုနေ! "

အိပ်နေသည့် သူ့ရှေ့ဖုန်းထိုးပြလို့ ဇွတ်ကြည့်ခိုင်းနေသူကြောင့် အာဏာဟာ တစ်ဖက်လှည့်ကာ အိပ်သည်။ ဖုန်းသံအား ထပ်ချဲ့လို့ ရင်ခွင်ဟာ အာဏာ့အား နှောင့်ယှက်ပြန်သည်။

" Kiss! ခင်ဗျားဘာဖြစ်နေတာလဲ ဟမ်! ဗိုက်ကထွက်သေးတာမဟုတ်ဘူးနော်...ကျုပ်စိတ်တိုအောင်မဆွနဲ့...ချုပ်လိုးမိလိမ့်မယ်! "

" အင့်! "

လန့်သွားသူဟာ ဖုန်းလေးအားကိုင်လို့ ကုတင်ပေါ်မှ ဆင်းသွားလေသည်။ မျက်နှာငယ်လေးနှင့် ဆင်းသွားသူအားကြည့်ကာ အော်လိုက်မိသည့် သူ့ခေါင်းသူ အာဏာထုချလိုက်တော့သည်။ ဒုတ်ဟူသည့်အသံလေးကြားသည်နှင့် အာဏာ့ကိုလှည့်ကြည့်လာသူကြောင့် အာဏာမျက်မှောင်ကြုတ်လို့ကြည့်လိုက်သည်နှင့် အခန်းပြင်ထွက်သွားလေသည်။

" ကျစ်! "

တကယ်တော့ သူအိပ်နေချိန် လာနှိုးသည်မို့ စိတ်တိုသွား၍ အနည်းငယ်သာဆူရန် ပြုလုပ်လိုက်သော်လည်း ပါးစပ်ကအကျင့်ပါနေတာကြောင့် မထင်မှတ်ပဲ ကြမ်းတမ်းစွာပြောဆိုမိသွားခြင်းဖြစ်သည်။

ဖြန်း!

" ဒီစောက်ပါးစပ်က အားနေရိုင်းစိုင်းဖို့ပဲတက်တာ...လီးလိုပဲ...Kiss နို့ ထည့်ပြီးသာငုံထားလိုက်ချင်တယ် "

အာဏာ သူ့ပါးစပ်အား အားပါပါတစ်ချက်ရိုက်ချလိုက်ကာ ရေချိုးအဝတ်လဲလို့ အောက်ဆင်းလိုက်တော့သည်။ ပြီးသည်နှင့် အောက်ထပ်သို့အမြန်ဆင်းကာ ရင်ခွင့်အားလိုက်ရှာမိသည်နှင့် ဧည့်ခန်းတွင် ငုပ်စိလေးထိုင်နေသူကြောင့် အာဏာသက်ပြင်းချမိသည်။ မျက်နှာလေးကအခုထိငယ်နေဆဲဖြစ်တာကြောင့် အာဏာ့မှာ သူ့ကိုသူဒေါသထွက်လို့မဆုံးဖြစ်နေရသည်။ ကိုယ်ဝန်ဆောင်နေရတယ့်သူကို စိတ်မကောင်းဖြစ်အောင်လုပ်မိလိုက်သည်မို့ အာဏာကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်မိပါသည်။

" Kiss... "

နူးနူးညံ့ညံ့ခေါ်သံလေးနှင့်အတူ ချက်ချင်းကို မဲ့ကာ ငိုချလာသူကြောင့် အာဏာ့မှာ ဘာလုပ်ရမှန်းမသိဖြစ်သွားကာ ဖက်လိုက်ပြီး ခေါင်းလေးအားခပ်ဖွဖွပွတ်သပ်ပေးလိုက်တော့သည်။

𝑲𝒊𝒔𝒔Where stories live. Discover now