∆.48

13.6K 650 62
                                    

Unicode

အာဏာတို့ မိတ္ထီလာကို ပြန်ရောက်ပါပြီဆိုကတည်းက ရင်ခွင်ဟာအရင်လိုမဟုတ်ပဲ နည်းနည်းလေးမှ အငြိမ်မနေတော့ပါ။ အကောင်လေးတွေကိုမသတ်တတ်သည့်ရင်ခွင်ဟာ ပိုးဟပ်မြင်ရင် သတ်တတ်လာသလို ဖရဲသီးကိုလည်း ခနခနစားလာခဲ့သည်။ ထို့အပြင် ငှက်ပျောသီးတွေလည်းစားသေးသည်။ အစပ်ကိုတော့ လုံးဝမစားနိုင်ပါ ။နည်းနည်းလေးအစပ်ပါသည်နှင့် မျက်ရည်တွေကျလို့ ငိုလာတတ်သည်မို့ အရောင်တင်မှုန့်တောင်သိပ်မသုံးရန် အာဏာက အမိန့်ထုတ်ခဲ့သည်။ ဒါတွေတင်မက ရင်ခွင်ဟာ အာဏာ့ကိုလည်း ချွဲတတ်လာခဲ့သည်။

" အာဏာ...သေနတ်ပစ်ကြည့်ချင်တယ် "

" ဘာဖြစ်တယ်! "

အရင်ကအနည်းငယ်လေးသာ သင်ဖူးသော်လည်း ရင်ခွင့်ကို အာဏာဆက်မသင်စေခဲ့ခြင်းက သေနတ်မြင်ရင် တုန်ယင်နေတတ်သည့်ဆိုင်သူလေးကြောင့်ပင်ဖြစ်သည်။ ယခုတော့ ဘာစိတ်ကူးပေါက်၍လည်းမသိ ချက်ချင်းကြီး သေနတ်ပစ်ချင်ကြောင်းပြောလာသည်မို့ အာဏာ့မှာ အံ့ဩနေရသည်။

" လုပ်ပါ...တစ်ချက်နှစ်ချက်ပဲ...အာဏာက သင်ပေးလေ နော် "

" ခင်ဗျား ဖျားများနေသလား ဟမ် "

" လုပ်ပါ...နော် မောင်လို့ "

" ကျစ်! ခင်ဗျားအတော်‌ဇယားရှုပ်တဲ့လူပဲ "

အာဏာဟာ ဆောင်မထားတာကြာပြီဖြစ်သည့် သေနတ်အား ရာဇကို မေးငေါ့ပြလို့ သွားယူစေလိုက်သည်။ မကြာလိုက်ပါ သေနတ်ယူကာပြန်ထွက်လာသည့် ရာဇထံမှ သေနတ်ကိုယူကာ ရင်ခွင့်လက်ထဲထည့်လိုက်သည်။ ပစ်နည်းပြရန် စဉ်းစားနေတုန်း ချိန်လိုက်သူကြောင့် အာဏာမှာ ချက်ချင်းသွားထိန်းပေးရသေးသည်။

" Kiss...အိမ်မှာပစ်မရဘူးလေ...သေနတ်ပစ်ကွင်းကိုအရင်သွားမှဖြစ်မှာ "

" မရဘူး...ငါအိမ်မှာပဲပစ်ချင်တာ "

" အဲ့တာဆိုလည်း မြေအောက်ခန်းလိုက်ခဲ့ "

" ဟင့်အင်းလို့ ဒီမှာပဲပစ်ချင်တာပါဆို "

ခြေစောင့်ကာပြောလာသူကြောင့် အာဏာက နားထင်အားထောက်ကာ ထွက်လာတော့မည့် ဒေါသအားအတတ်နိုင်ဆုံးထိန်းနေမိသည်။ အာဏာဟာ စိတ်ရှည်တတ်သူတစ်ယောက်မဟုတ်သည့်အတွက် တစ်ခါတစ်လေ မြိုသိပ်ထားရသည့် ဒေါသတွေဟာ ထိုဗိုက်ပူလေးအတွက် စိတ်ပူခြင်းဖြစ်နေသည်ကိုမသိပဲ ဆိုးချင်တိုင်းဆိုးနေသည့် ဆိုင်သူဗိုက်ပူလေးအား နမ်းပြီးအပြစ်ပေးချင်လာရသည်။

𝑲𝒊𝒔𝒔Where stories live. Discover now