∆.37

13.3K 579 63
                                    

Unicode

" အာ့! "

ပွေ့ချီခံလိုက်ရတာဟာ ငြင်သာခြင်း ရှိမနေတာကြောင့် ထက်ဝဏာချက်ချင်းကို နိုးသွားတော့သည်။

" ဘာ...ဘာလဲ "

" အိမ်ရောက်ပြီ "

" သိပြီမို့...ငါ့ကို ချပေး "

" လက်မထက်ရသေးပဲ အဲ့လိုလူမဆန်တာမျိုး ကျုပ်မလုပ်ဘူး "

" မင်း...ဘာပြောတယ်! "

ထက်ဝဏာတစ်ယောက် စကားဆက်ပြောဖို့ပြင်လိုက်သော်လည်း ပွေ့ထားသည့်လက်ဟာ ပိုတင်းကြပ်လာသည်မို့ အသက်ရှူမဝတော့တာကြောင့် အသံတိတ်ပေးလိုက်မှ ပွေ့ထားသည့်လက်တွေဟာ ခပ်ဖွဖွဖြစ်သွားတော့သည်။

ဒီခွေးကောင်က လူ့အရိုင်းအစိုင်းကောင်!

ထက်ဝဏာအား ရင်ခွင်ဟာ ဆိုဖာပေါ်ချပေးပြီး သူကတော့အပေါ်တက်သွားလိုက်သည်။ အောက်မှ ထက်ဝဏာကတော့ ဘာမှကိုနားမလည်လိုက်ပါ။ ဒီကောင်လေးက သူ့ကိုအရုပ်လိုသဘောထားနေတာကြောင့် စိတ်တိုတာပဲသူသိသည်။

~~~~~Kiss

" အာဏာ...ငါအိမ်ပြန်ချင်တယ် "

" ကျုပ်ကိုသတ်လိုက် "

" ဟာ မင်း! အဲ့လိုစကားမျိုးကိုဘယ်လိုတောင်ပြောနိုင်ရတာလဲ...ငါကမင်းကိုသတ်မယ့်လူများမင်းထင်နေတာလား ဟမ်! "

" Kiss ကျုပ်ဘဝရဲ့မရှိမဖြစ်ကခင်ဗျားပဲ...ဒီကောင်က ခင်ဗျားမရှိရင် သေလူထက်ပိုဆိုးလိမ့်မယ်...ကျုပ်ဘဝမှာ အဲ့နေ့ကလောက် တစ်ခါမှ မနာကျင်ရဖူးဘူး "

" အာဏာ...ငါကအိမ်ပြန်ချင်ရုံပါ မင်းကဘာလို့အဲ့လိုစကားတွေလာပြောနေရတာလဲ "

ရင်ခွင်တစ်ယောက်ရှက်လည်းရှက်သလို စိတ်လည်းမကောင်းဖြစ်ရသည်။ အိမ်ပြန်ချင်လို့ပြောလိုက်မိပေမဲ့ အာဏာ့ကိုသူကြည့်ရတာအိမ်မပြန်စေချင်ပုံပင်။ သူသိပါတယ်။အဖြစ်အပျက်အားလုံးကိုမှတ်မိသလို သူကြောက်လည်းကြောက်မိပါသည်။ သို့သော်လည်း သူအလုပ်တွေကိုပစ်ထားမိတာကြာပြီဖြစ်သည့်အပြင် သူအိမ်ပြန်ချင်သည်။ အာဏာ့ရဲ့အိမ်မှာသူနေချင်တယ်။ ပြီးတော့အခုလို အမြဲအကာကွယ်ခံနေရတာထက် သူကအာဏာ့အတွက် အသုံးဝင်မယ့်သူတစ်ယောက်ဖြစ်ချင်တယ်။

𝑲𝒊𝒔𝒔Where stories live. Discover now