∆.13

35.2K 1.4K 197
                                    

Unicode...

" ဘယ်သွားချင်လဲ "

" ဟင် "

အာဏာဟာ ကားမောင်းရင်းမေးလာသည်မို့ ရင်ခွင့်မှာ အူကြောင်ကြောင်လေးနှင့်...

" ခင်ဗျားလင်က ကျုပ်ဖြစ်နေပြီလေ...အဲ့တော့ဘယ်သွားချင်လဲ...ခင်ဗျားသွားချင်တဲ့နေရာလိုက်ပို့မယ် "

" တကယ်လား "

" အင်း "

" ကစားကွင်း "

ကျွီ...

ချက်ချင်းကို ရပ်သွားသည့်ကားလေးကြောင့် ရင်ခွင် လန့်သွားရသည်။

" ခင်ဗျား...အသက်အရွယ်နဲ့က ရိပ်သာသွားရမှာ...ကစားကွင်းသွားရမှာမဟုတ်ဘူး "

" မင်း! မင်းပဲသွားချင်တဲ့နေရာပြောဆို ငါတစ်ခါမှ မရောက်ဘူးလို့ သွားကြည့်ချင်တာလေ! ပြီးတော့...ငါကအခုမှအသက် 23ပဲရှိသေးတာ...မင်းမပြောကောင်းတာတေလာမပြောနဲ့! "

" ခင်ဗျားအခုကျုပ်ကိုပြန်အော်နေတာလား... Kiss "

" မင်းငါ့ကိုအချိန်တန်ရင် သေမယ့်လူလို...ဘာလို့လာပြောနေလဲ "

" ကျစ်! ဒီလူကတော့...ရိပ်သာနဲ့သင်္ချိုင်း ဘယ်လိုတောင် အမျိုးစပ်လိုက်တာလဲ "

အာဏာသည် ခါးပတ်ကြိုးဖြုတ်လိုက်ပြီး ရင်ခွင့်အား ခါးလေးမှ ဆွဲဖက်လိုက်သည်။

" အာဏာပြည့်ရှင်! "

" ခင်ဗျားရဲ့ ပရမ်းပတာအတွေးတွေကို နောက်ဆို ပြင်...ကျုပ်ပိုင်တဲ့ခင်ဗျားက...ကျုပ်ရှိသရွေ့ သေလို့မရဘူး "

" သေလိုက်လေ...မင်းကငါ့ကိုဘာကိစ္စပိုင်ရမှာလဲ...မင်းငါ့ကို မပိုင်ဘူး...ဖယ်တော့! "

ရင်ခွင်၏ရုန်းကန်မှုဟာ အားဘယ်လောက်ပဲထည့်ပါစေ အာဏာ့အပေါ်တွင် သက်ရောက်မှုမရှိပါ။

" မဖယ်ဘူးဆိုရင်ရော "

" မင်းအသက်ရှင်နေသရွေ့ငါ့ကိုမပိုင်ဘူး...အာဏာ ငါ မင်းကွာရှင်းမယ့်နေ့ကိုပဲစောင့်နေမှာ "

ဟုတ်တယ်။ အမြဲသူ့ကိုဆို အရုပ်တစ်ရုပ်လိုဆက်ဆံနေတာကို မကြိုက်တာမို့ အာဏာနဲ့ကွာမယ့်နေ့ကိုအမြဲစောင့်နေမှာ။ အဲ့တာမှ သူလွတ်လပ်မှာ...

𝑲𝒊𝒔𝒔Where stories live. Discover now