∆.34

15.7K 747 32
                                    

Unicode

ဒေါက်! ဒေါက်!

ထက်ဝဏာတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်မို့ မနိုးသော်လည်း အာဏာဘုရင်ကတော့ ချက်ချင်းကို နိုးလာခဲ့သည်။ ဘယ်သူအစော တံခါးလာခေါက်လဲဆိုတာကို ဘုရင်မသိပေမဲ့ ထက်ဝဏာနိုးလာမည်ကို ပိုလို့ သတိထားနေမိတာကြောင့် နားလေးအား ပိတ်ပေးလိုက်သည်။

" King! ငါ...နင့်အမ "

တံခါးမခေါက်တော့ပဲ အသံပေးလာမှ ထက်ဝဏာ၏နားပေါ်ရှိ လက်တွေကို ဖယ်ကာ စားပွဲပေါ်မှ ဖုန်းအား လှမ်းယူလိုက်သည်။ မမ ဟူသည့် contact အား နှိပ်ကာ ဖုန်းခေါ်လိုက်သည်။ အခန်းရှေ့မှ နေ့၏ " အခန်းထဲက မထွက်ပဲ ဘာကိစ္စဖုန်းကခေါ်နေရတာလဲ...ဒီခွေးကောင်လေးကတော့! " ဟူသည့် စကားအား ဘုရင်က မကြားဟန်ပြုကာ ရှေ့ရှိ အိပ်နေသော လူသားအနားမှ ထထိုင်လိုက်သည်။ ခနအကြာမှ ဖုန်းကိုင်လာသည့် နေ့အား တိုးသောအသံဖြင့်...

" ဘာပြောမလို့လဲ မမ "

* ပြန်တော့မှာလေ...နေစမ်းပါအုံး နင်ကဘာလို့ တံခါးမဖွင့်ပဲ ဖုန်းခေါ်နေတာလဲ *

" အကြောင်းပြချက် မပေးချင်ဘူး...ပြန်နှင့် "

* King...နင် နေခဲ့ချင်နေတာလား ဟမ်! *

" အင်း...Jet ကို နင်တို့အိမ်ရောက်မှ ပြန်လွှတ်လိုက်... ကိုကို့ကိုလည်းပြောလိုက် "

* အေး...ပြီးရော အဲ့တာဆိုလည်း နင့်ဟိုကောင်လေးကိုတော့ခေါ်သွား... *

" ငါမလိုက်တာ သူ့ကြောင့်ပဲ မမ...နင်အရစ်မရှည်တော့နဲ့ ချပြီ "

ဘုရင် ဖုန်းချလိုက်ပြီး အိပ်နေသူအား သေချာစိုက်ကြည့်မိသည်။ နမ်းချင်စိတ်ဖြစ်လာသည်မို့ အင်္ကျီလှန်ကာ ချယ်ရီသီးပုံစံလေးဖြစ်နေသည့် နီတာရဲအဖူးလေးအား တစ်ချက် စုပ်နမ်းလိုက်သည်။ အင်္ကျီအား ပြန်ချကာ နိုး မနိုးကြည့်လိုက်ပြီး ခနအကြာတွင် အခန်းပြင်ထွက်ကာ တစ်ခြားခန်းရှိ Bathroom ထဲဝင်ပြီး ရေချိုးလိုက်သည်။ သူ့အခန်းထဲ ရေချိုးလျှင် ရေသံတွေကြောင့် သူနိုးသွားနိုင်တာကြောင့်ပင်။

~~~~~Kiss

" အာဏာ...မင်းညီလေးဆိုတဲ့ကောင်လေး မပါသေးဘူးလေ "

𝑲𝒊𝒔𝒔Where stories live. Discover now