∆.33

17.1K 877 55
                                    

Unicode

နေရောင်ခြည်အလင်းရောင်ကြောင့် ရင်ခွင်နိုးလာခဲ့သည်။ နိုးနိုးချင်းမြင်လိုက်ရသည့် ရင်ခွင်ကျယ်ကြီးထံအကြည့်ပို့မိတော့ ညကချစ်ကြောင်းပြောခဲ့သည့် အကြောင်းအရာများက ခေါင်းထဲ အစဉ်လိုက်လိုလိုကို ပေါ်လာခဲ့သည်။ ရဲတက်သွားသည့် မျက်နှာနှင့်အတူ လက်အား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

အမိန့်ဆန်တယ်လို့ထင်ရတဲ့ ထိုလူ့စကားတွေကြားထဲမှ နွေးထွေးမှုကို သူအပြည့်အဝခံစားခဲ့ရသည်။ ကြမ်းတမ်းလွန်းတယ်လို့ ထင်ထားခဲ့သည့် ရှေ့ရှိလူသားဟာ သူ့အား နူးညံ့ပေးနေတယ်လို့ ထပ်ပြီးခံစားရပြန်သည်။ ခံစားချက်မျိုးစုံကို တစ်ပြိုင်နက် ခံစားရအောင်ထိ လုပ်တတ်တဲ့ ရှေ့ရှိလူသားကို သူအများကြီးအထင်လွဲခဲ့တာကိုတွေးမိလိုက်သည်နှင့် အနည်းငယ် အပြစ်ရှိလာသလို ခံစားလိုက်ရသည်။

" နိုးနေတာလား... "

" အွန်း "

" ပြန်အိပ် "

" ပြန်တော့မှာ မဟုတ်ဘူးလား "

အသံဟာ အနည်းငယ် ဆွေးသံပေါက်နေတာကြောင့် အာဏာက မျက်မှောင်ကြုတ်သည်။ မပြန်ချင်တာ သိသာနေသည့်အပြင် မျက်နှာမကောင်းပဲ မေးနေသူကြောင့် အာဏာ့စိတ်ထဲအလိုမကျတာတော့အမှန်ပင် နေချင်သည်လို့ပြောလျှင် သေချာပေါက် အိမ်ပါဆောက်ပေးနိုင်သည်ကို သိပါလျက်နှင့် ဒီလူဘာဖြစ်ချင်နေလဲ နားမလည်နိုင်ဖြစ်နေရသည်။

" နှစ်ညအိပ်လေ...ဒီနေ့ညကောအိပ်မှာ "

" ဟီး တကယ်လား...အဲ့ဆို "

လာပြန်ပြီ...အဲ့မျက်နှာ!

ရင်ခွင်ပြုံးလိုက်တိုင်း သူပြောချင်သည့်စကားတို့က အကုန်မထွက်လာတော့တာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုလိုကိုဖြစ်နေလေပြီ။

" ခင်ဗျားတော်တော် အရစ်ရှည်တဲ့လူပဲ...ကျုပ်အိပ်အုံးမလို့...အဲ့တော့ ခင်ဗျားပါအိပ် "

အင့်!

အာဏာ ရင်ခွင့်အား တိုးလို့ဖက်ကာ ဆက်အိပ်လိုက်တော့သည်။ မှေးကျသွားသည့် မျက်လုံးများနှင့်အတူ တကယ်ကို အိပ်နေသည့်ပုံစံနှင့် အာဏာ့ကြောင့် ရင်ခွင်ဟာလည်း ပြန်လည်ဖက်တွယ်ကာ အိပ်လိုက်တော့လေသည်။ သူမပြန်ချင်သေးတာမှန်ပေမဲ့ ဒီမှာအပြီးနေဖို့ထိတော့ သူမတွေးထားတာအမှန်ပင်။ ပင်လယ်ပြင်တွေကို သဘောကျတဲ့သူ့အတွက် အခုလို တစ်ခါမှ မရောက်ဖူးသည့် နေရာမျိုးကိုရောက်လာသည်မို့ ခနအနားယူချင်နေရုံသာ။

𝑲𝒊𝒔𝒔Where stories live. Discover now