∆.06

50.2K 1.9K 210
                                    

Unicode...

| Mature On∆ |

" ထတော့ "

အာဏာနှိုးနေသော်လည်း အင်း အဲ လုပ်ကာ ပြန်အိပ်နေသည့် ရင်ခွင်ကြောင့် အာဏာဆက်မနှိုးပဲ ရေချိုး ၊ အဝတ်လဲလိုက်သည်။ ပြီးသည်နှင့် အောက်ထပ်သို့ဆင်းလေတော့သည်။

" Kiss ကိုကြည့်ထား "

" ဟုတ်ကဲ့...Boss "

ထပ်မံ၍ပြောမည့်စကားတို့ကိုတော့ အာဏာဟာ သက္ကရာဇ်အနားတိုးကာပြောလေသည်။ ပြီးသည်နှင့် ထွက်သွားလေတော့သည်။ အာဏာထွက်သွားမှ ခိုးကြောင်ခိုးဝှက် ဆင်းလာသူက ရင်ခွင်ပင်။ သွားများ နားရွက် တက်မချိတ်ရုံတမယ် ပြောကာ ဗိုက်အားပွတ်ပြလိုက်သည်။ ဝမ်းဗိုက်အတွင်း တိုက်စစ်ဆင်နေပုံရသည်မှာ အသံများပင် ထွက်နေသည်မို့ သက္ကရာဇ်ဟာ အရယ်၊အပြုံးကင်းမဲ့သည့် မျက်နှာနှင့် မီးဖိုချောင်အတွင်းဝင်ကာ ရင်ခွင့်အတွက် အစားအသောက်များပြင်ပေးလေတော့သည်။

" အကိုလေး...ကျွန်တော့်ကို...ခိုင်းစရာရှိသေးလား "

သက္ကရာဇ်၏အမေးအား စကားပြန်မဖြေနိုင်သည်အထိ ရင်ခွင်ဟာ စားနေခဲ့သည်မှာ ပလုတ်ပလောင်း။

" ကျွန်တော့်ကို...PK BAR ကိုလိုက်ပို့ပေးဖို့ သခင်လေးကမှာထားခဲ့ပါတယ်...စားပြီးတာနဲ့ ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ "

" အင် "

" အာ...အကိုလေးအတွက် Bossက သူဒီနေ့ပါတီကိုဖိတ်ခိုင်းလိုက်ပါတယ်ဗျ "

" ပါတီဆိုတာက...? "

" ဟိုရောက်ရင်သိရမှာမို့ ထမင်းသာအေးဆေးစားပါ အကိုလေး...ထမင်းစားချိန် အခုလို စကားများအောင်လုပ်တာသာ Bossသိရင်...ကျွန်တော့်ခေါင်းက ဆည်မြောင်းလောက်ထိရောက်သွားနိုင်တာကြောင့်ပါ...နားလည်ပေးပါ "

ရင်ခွင် ခေါင်းငြိမ့်ကာ ထမင်းသာ အေးဆေးဆက်စားလိုက်သည်။ သူ့ကြောင့် တစ်ဖက်သားအနာတရဖြစ်မည်ကို သူမလိုလားပါ။ အာဏာပြည့်ရှင်ကတော့ သူ့ရဲ့ချွင်းချက်အနေနဲ့ အနာတရရအောင်တင်မက အမြဲကြွားတဲ့ သူ့ဟာကိုဖြတ်ပစ်ချင်မိတာပဲ။

ရင်ခွင်စားပြီးသည်နှင့် ရေချိုးသန့်စင်ကာ အဝတ်အစားလဲပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်။ သက္ကရာဇ်သည် ကားထုတ်ပြီး ကားဘေးအဆင်သင့်ရပ်စောင့်နေသည်မို့ ရင်ခွင်ကားပေါ်သာတက်လိုက်လေတော့သည်။

𝑲𝒊𝒔𝒔Where stories live. Discover now