∆.08

43.7K 1.6K 238
                                    

Unicode

" ခနရပ် "

Tattoo ထိုးပြီးပြန်လာရာ လမ်းတွင် ရင်ခွင်မျက်စိကျခဲ့သည့် နှင်းဆီပန်းခင်း နှင့် အိမ်အားတွေ့လိုက်တာကြောင့် အာဏာက ကားရပ်စေကာ ထိုအိမ်နားသွားလိုက်သည်။ ခြံစည်းရိုးမှကျော်တက်ကာ ကပ်ထားသည့် ဆိုင်းဘုဒ်ဘေးနားမှ နှင်းဆီနီများကို တမင်ဆွဲနှုတ်လိုက်သည်။ (၆)ပွင့်တိတိအား အမြစ်မှဆွဲနှုတ်သည့်အပြင် ဆူးများရှိနေတာကြောင့် အာဏာ၏ ညာဘက်လက်မှာ သွေးများရဲလျက်။

" ကျစ်! "

အာဏာနှင်းဆီ ( ၆ )ပွင့်မြောက်အား ခူးနေစဉ် လက်အား ပေါက်သည့် မြွေစိမ်း‌သေးသေးလေးကြောင့် ဆွဲယူပြီး လွှင့်ပစ်လိုက်သည်။ မြွေစိမ်း၏ခေါင်းဟာ ချွန်နေသည်မို့ အဆိပ်မရှိသည့် မြွေဖြစ်မှန်း အာဏာသိပါသည်။ သို့သော် သူ့အသားနာစေလျှင် ဘာကြီးပဲဖြစ်နေပါစေ အာဏာညှာမည်မဟုတ်ပေ။ ခူးလို့ပြီးစီးသည်နှင့်ခြံစည်းရိုးမှ ကျော်ခွကာ သူ၏ကားထံသို့ ပြန်လာလေသည်။

" သွားမယ် "

" Boss...လက်က "

" ရတယ်...မောင်းတော့ "

ရာဇသည် Bossအား စိုးရိမ်သွားသော်လည်း ဘာမှမဖြစ်သလိုပြောလာသည့် Bossကြောင့် ခေါင်းငြိမ့်ကာ ကားမောင်းရန်သာပြင်ရတော့သည်။ Bossဟာ သူနှင့် ခိန်းထက် အသက်အရမ်းကွာသည့်အပြင် သူတို့ကို လမ်းဘေးမှမွေးစားခဲ့ကာ သူတို့နှစ်ယောက်ကို စောင့်ရှောက်ပေးခဲ့သည်မို့ သူတို့အတွက် အရမ်းတန်ဖိုးရှိသည့်လူဖြစ်သည်။ ထို့ကြောင့်လည်း သူနှင့်ခိန်းက အသက်ပေးကာကွယ်ဖို့ထိ ဆုံးဖြတ်ထားကြခြင်းဖြစ်၏။

အိမ်တော်သို့ရောက်သည်နှင့် ရာဇ အရင်ဆင်းကာ Bossဆင်းရန် ကားတံခါးအရန်သင့်ဖွင့်ပေးလိုက်သည်။ အာဏာ့ကားသံကြားသည်နှင့် အိမ်တွင်းရှိ လက်အောက်ငယ်သားတိုင်း ခေါင်းငုံ့ပြီးသားပင်။

" ရဲရင့်...ရင်ခွင် Barသွားသေးလား "

" မသွားရသေးပါဘူး Boss အကိုလေး ကြယ်ခေါက်တုန်းပါ "

" ကျစ်! အခုပဲညနေစောင်းနေပြီလေ...တစ်နေကုန် ကြယ်ခေါက်တယ်ဆိုတော့ လက်ဂနာမငြိမ်တတ်လိုက်တာကွာ "

𝑲𝒊𝒔𝒔Where stories live. Discover now