∆.09

43.2K 2.5K 196
                                    

Unicode

" အား! "

ဂိုထောင်ပျက်တစ်ခု ၊ သည်ဂိုထောင်က အာဏာခေါင်းဆောင်သည့် ငရဲခန်းပင်။ ဒီ ဂိုထောင်ရဲ့နာမည်ကို အာဏာကိုယ်တိုင်ကငရဲခန်းလို့ပေးထားခြင်း။ ကြီးလေးသော အပြစ်လုပ်ထားမှသာ ထိုငရဲခန်းထဲတွင်အပြစ်ပေးသည်။

အား ဟူသည့်အော်သံနက်ကြီးဟာ ထိုငရဲခန်းမှထွက်ပေါ်လာသည့်အပြင် ကျယ်လွန်းသော်လည်း အပြင်တွင်ဘာသံမှမကြားရပေ။

" မင်းအပြစ်မင်းသိလား "

အာဏာ၏အမေးအား ဖြေနိုင်ဖို့အထိ ထိုလူဟာ အားမရှိတော့။ တစ်ချောင်းချင်းရိုက်ချိုးခံထားရသည့် လက်နှစ်ဖက်နှင့် သွေးများစီးကျနေသည့်ခေါင်း ၊ ကြည့်ရက်စရာပင်မရှိသည်အထိ သိပ်ရက်စက်လွန်းပါတယ်။

" Barထဲကို ဆူညံပူညံလုပ်တယ်၊ ငါ့အပိုင်ကိုလန့်အောင်လုပ်တယ်၊ ငါအာရုံနောက်အောင်လုပ်တယ် အဲ့သုံးချက်နဲ့တင်...မင်းသေလို့ရနေပြီ "

အာဏာဟာ ပြောနေရင်းမှ ဘေးတွင် အသင့်ရှိနေသည့် ပုဝါနှင့် လက်သုပ်လိုက်သည်။ သွေးပေနေသည့် အင်္ကျီအား အာဏာချွတ်ချလိုက်ပြီး လွှင့်ပစ်လိုက်သည်။ အင်္ကျီအသစ်တစ်ထည်အား ရာဇက ဝယ်ထားပြီးသားမို့ ယူဝတ်လိုက်သည်။ ဆက်ရှင်းဖို့ကိုတော့ သက္ကရာဇ်ကိုပဲ တာဝန်ပေးခဲ့လိုက်ပြီး အာဏာဟာ ကားကို ကိုယ်တိုင်မောင်းကာ အိမ်သို့ပြန်လေသည်။ သူရင်ခွင့်ကို အိမ်ထဲပို့ပြီး တန်းထွက်လာတာမို့ သူအိမ်ကိုအမြန်ပြန်နိုင်ဖို့ကအဓိကပင်။

သူစိတ်မချဘူးလေ...

" ငါ့ကိုလွှဲလိုက်...ခိန်း "

" ဟမ် "

ရာဇသည် သေနတ်ထုတ်ကာ ဒဏ်ရာများနှင့် မအော်နိုင်တော့သည့်သူ၏ ဦးခေါင်းထံသို့ ပစ်ချလိုက်သည်။ ကျန်လူများသည် ထိုလူ့အလောင်းအား လက်စဖျောက်ရန် သယ်သွားလေတော့သည်။ အလောင်းဖျောက်ရတာဟာ သူတို့နှစ်ယောက်အလုပ်မဟုတ်။

အာဏာ၏နောက်သို့ ရာဇနှင့်သက္ကရာဇ် ကားတစ်စီး စီးကာလိုက်ရလေတော့သည်။

~~~~~

" အိပ်နေပါပြီ...Boss "

အာဏာ အိမ်ရောက်သည်နှင့် ရဲရင့်မှ ပြောလာသည်မို့ အာဏာက ခေါင်းငြိမ့် အသိအမှတ်ပြုကာ အိမ်အပေါ်ထပ်သို့ တက်လိုက်သည်။ အခန်းထဲရောက်သည်နှင့် စောင်မပါပဲ ခွေခွေလေးအိပ်နေသူအနားသွားကာ ခြေထောက်နှစ်ဖက်အား ဆန့်စေသည်။ စောင်အား သေချာခြုံပေးလိုက်ပြီး နှာဖူးလေးထံ ခပ်ဖွဖွအနမ်းပေးသည်။ မပါမဖြစ်အနေနှင့် နှုတ်ခမ်းလေးကို ခပ်ဖွဖွထပ်ထိကပ်သည်။

𝑲𝒊𝒔𝒔Where stories live. Discover now