∆.46

14.4K 699 43
                                    

Unicode

" အာဏာ အစောနိုးနေတာလား "

" အင်း..."

" အယ် မင်းဘာလုပ်နေတာလဲ "

ဘောင်းဘီတိုကြီးနှင့်အာဏာဟာ Luggage နှစ်ခုတွင် အင်္ကျီများထည့်ထားလေသည်။ ထည့်ထားသည်ကလည်း မညီမညာဖြင့် နည်းနည်းလေးမှ သေသပ်မှုမရှိပေ။

" အင်္ကျီထည့်နေတာ...ကျုပ်လောက်အထည့်တော်တာ ကျုပ်ပဲရှိတယ်...အဲ့ဒါတောင် ဒီအဝတ်အစားတွေက ဘာလို့မညီတာလဲ! တောက်ခ်! "

" မင်းက ဘာလို့ ကိုယ့်ကိုထည့်နေတာလဲ...ငါထည့်ပေးမှာပေါ့ "

ရာဇနှင့်စက္ကရာဇ်ကို ခိုင်းရအောင်လည်း ယခုအချိန်က သူတို့အဝတ်အစားတွေ ထည့်နေချိန်ဖြစ်နေတာကြောင့် ရင်ခွင့်ကိုလည်း နှိုးပြီး မထည့်ခိုင်းချင်၍ အာဏာကိုယ်တိုင်ထည့်ဖြစ်သွားခြင်းဖြစ်သည်။

" ဟိုရောက်ရင် ခင်ဗျားက အားရှိနေမှဖြစ်မှာလေ...ဒီကတည်းက ခင်ဗျား အားအင်ချွေတာရမယ်...ဒါက ကျုပ်ဘာသာထည့်နိုင်တယ် "

အဝတ်စီထည့်လိုက် ဟိုထဲမှာ အပုံကလဲကျသွားတော့ စိတ်တိုပြီးလွှင့်ပစ်လိုက်လုပ်နေသူ အာဏာ့ကြောင့် ရင်ခွင့်ရယ်မိသည်မှာ ဗိုက်ကိုနှိပ်ရသည်အထိပင်။ ယခုလို အာဏာကလေးဆန်တိုင်း ရင်ခွင့်မှာ အသည်းတယားယား။

" အာဏာ...ငါထည့်ပေးမယ် "

" ရတယ် "

" ထည့်တတ်တာလဲ မဟုတ်ပဲနဲ့ "

" ခင်ဗျားအရပ်ပုသလောက် လျှာ အတော်ရှည်တဲ့လူပဲ...သွားထိုင်နေ သွား "

" ဒီအရူးကောင်! "

အာဏာဟာ ရင်ခွင်ချီးကျူးမည်လုပ်တိုင်း ဖောက်တတ်သည်ဟာ အကျင့်လိုများဖြစ်နေသလားပဲ။ အခုထိလည်း စကားကိုမဆင်မခြင်နဲ့ ပြောနေဆဲပင်။ ရင်ခွင်ပြင်ပေးနေသည့်ကြားက မထင်ရင် မထင်သလို ရိုင်းနေသေးသည်မို့ ရင်ခွင့်မှာ တစ်ခါတစ်လေ ကုန်းကိုက်ပစ်ချင်လာရသည်။

" မင်းကို အကုန်ပျက်ထွက်အောင်ကိုက်မှာ နေအုံး အရူးကောင် လူရမ်းကား! "

" ညက ခင်ဗျားဖင်ချနေတုန်းက အဲ့စကားပြောပါ့လား...ဒီလိုမှန်းသိရင် ညကတည်းက မနက်မထနိုင်အောင် အသေချုပ်လိုးလိုက်ပါတယ်...နားကိုငြီးတယ် "

𝑲𝒊𝒔𝒔Where stories live. Discover now