∆.53

13.3K 564 54
                                    

Unicode

အာဏာဟာ သားဖြစ်သူနာမည်ကို အိမ်နာမည်လောက်သာလို့ပြောခဲ့သော်လည်း အိမ်ထောင်စုစာရင်းထဲပင်ထည့်လိုက်ပြီဖြစ်တာကြောင့် ထိုနာမည်ဟာ နာမည်ရင်းဖြစ်သွားရတော့သည်။

အူငဲ~~~အူငဲ~~~အူငဲ

အိမ်ကိုစရောက်ပါပြီဆိုကတည်းက မနက်မိုးလင်း (၅)နာရီလောက်ဆို ငိုပြီးထလာတတ်သည့် သားဖြစ်သူအား အာဏာက ထိန်းရသည်။ ရင်ခွင်ကတော့အမြဲအစောမထရတော့ပေ။ ကလေးငိုတိုင်း အာဏာကထပြီး ချော့သိပ်တတ်သည်။ အရင်ဆို နှိုးရင်တောင်ထချင်မှထတတ်သည့် အာဏာဟာ သားဖြစ်သူလေးငိုသံကိုတော့ စကြားပါပြီဆိုကတည်းက နိုးလာပြီး တန်းချီကာချော့တတ်သည်။

" ဒယ်ဒီ့သားက အစောကြီးနိုးနေပြန်ပြီပဲ...အကျယ်ကြီးမငိုရဘူးလေကွာ...မင်းဖေဖေနိုးလာလိမ့်မယ် "

ပြူးကြောင်ကြောင်လေးကြည့်လာသည့် သားလေးအား အာဏာက တစ်ချက်နမ်းလို့ အခန်းပြင်ထွက်ကာ ချော့သိပ်ရသည်။ ထပ်ငိုလာပြန်သည့် သားဖြစ်သူကြောင့် နို့ဆာနေသည်ကိုသိလိုက်ရ၍ နို့ဘူးယူတိုက်လိုက်ရသည်။ အငိုတိတ်သွားသည့် သားဖြစ်သူဟာ နို့ဆို့နေရင်းမှအနှီးထဲ အလေးသွားလာသည့်သားဖြစ်သူကြောင့် အာဏာတစ်ယောက် ဘာလုပ်ရမှန်းမသိတော့ပေ။

" ဟ! ဟိတ်ကောင်! ငါမလုပ်တတ်ဘူးကွ! "

အာဏာနို့ဘူးအားဘေးရှိ ခုံပေါ်တင်လို့ အောက်ထပ်သို့ဆင်းရတော့သည်။

" ဟျောင့်တွေ! အကုန်လာခဲ့! "

အာဏာ၏အသံကြောင့် Bodyguard အကုန် မတ်တပ်ရပ်နေရင်းမှပြေးလာကြတော့သည်။ ရာဇနှင့်သက္ကရာဇ်ပါရောက်လာပြီး အားလုံးဟာ ကိုယ့်နေရာနှင့်ကိုယ်ရပ်လိုက်ကြတော့သည်။

" ဟိုဟာကွာ...ကျစ်! "

အာဏာတစ်ယောက် ကလေးချီ‌ရင်းနဲ့မှ လက်တစ်ဖက်နှင့်ခေါင်းကုတ်မိသည်။ သူဘယ်လိုမေးရမလဲမသိသည့်အပြင် ဆိုင်သူလေးအိပ်နေသည်ကိုလည်းမနှောင့်ယှက်ချင်။ သားကိုကိုယ်တိုင်လုပ်ပေးချင်သော်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ တကယ်ကိုမသိတာကြောင့် မေးမှကိုဖြစ်မည်။ အရင်ဆို ရင်ခွင်ကလုပ်ပေးလေ့ရှိသော်လည်း သူသေချာမကြည့်ခဲ့သည်ကို နောင်တရလို့မဆုံးဖြစ်နေရ၏။

𝑲𝒊𝒔𝒔Where stories live. Discover now