∆.14

34.3K 1.2K 166
                                    

Uni

အိပ်ပျော်နေသည့် ရင်ခွင့်အားပွေ့ကာ အာဏာက အိမ်ပေါ်ရှိ အခန်းသို့ခေါ်သွားခဲ့သည်။ အပြင်အဆင်များအားကြည့်ကာ မျက်စိနောက်၍ ရဲရင့်အားခေါ်ကာ အိပ်ယာပေါ်ရှိ နှင်းဆီပွင့်များအားဖယ်ခိုင်းကာ ခရေပန်းများခင်းခိုင်းလိုက်သည်။ ခရေပန်းက သူ့လူအကြိုက်ဆုံးပန်း...

" ခရေပွင့်နည်းတယ်...ထပ်ဖြည့်အုံး "

" Boss...အဆင်ပြေရဲ့လား "

အာဏာသည် တစ်ချိန်လုံး ရင်ခွင့်အားပွေ့ထားသည်မို့ ရဲရင့်မှ မေးလာခြင်းဖြစ်သည်။

" သူ့ကိုယ်လုံးက ငါ့သဲအိတ်လောက်တောင်မရှိဘူး...မင်းသာ အမြန်လုပ်စမ်းပါ "

" ဟုတ်ကဲ့ "

ရဲရင့်ဟာ ခရေပန်းများအား အိမ်နောက်မှ ထပ်ကောက်ကာ ထပ်ဖြည့်၍ အလှဆင်သည်။ မြေပြင်ပေါ်ကျသည့်ပန်းများမှာ အလွန်ကို သန့်ရှင်းပါသည်။ အကြောင်းအရင်းက အာဏာဟာ ခရေပန်းပင်များသာ ရှိရာ ထိုနေရာကို သုံးရက်တစ်ခါ သန့်ရှင်းရေးလုပ်ရန် အလုပ်သမားသုံးယောက်ကို ခေါ်ထားခြင်းကြောင့်ပင်။

ရဲရင့်သေချာ အလှဆင်ပြီးသည်နှင့် ရင်ခွင်နမ်းအား မွေ့ယာပေါ်ချကာ သူကအောက်ထပ်ပြန်ဆင်းလာလိုက်သည်။ အရက်နှင့် အမြည်းများရောက်လာသည်နှင့် ရှိန်းထက်သာ ၊ လရောင်မြတ်မင်း ၊ နေ့သစ္စာမြတ်အားခေါ်လိုက်သည်။ သုံးယောက်လုံးရောက်ချလာသည်နှင့် သောက်ခြင်းကိုစတင်လေတော့သည်။

" မင်းခေါ်တာ သောက်ဖို့လား "

" အေး "

နေ့၏အမေးအား အာဏာပြန်ဖြေသည်နှင့် နေ့ကမျက်မှောင်ကျုံ့သည်။

" အလှလေးကဘယ်မှာလဲ "

" နင်ကဘာလုပ်မလို့လဲ...သောက်စရာရှိတာသောက်ပါ...အလှလေး အလှလေးနဲ့ခနခနမခေါ်စမ်နဲ့ "

" うーん...どうしだの " { အမ်...ဘာဖြစ်လို့လဲ }

" 好きじゃないから" { မကြိုက်လို့ }

" မြန်မာလိုပြောကြပါဟ... "

နေ့နှင့်အာဏာ၏ကြားဝင်ပြောသူက လရောင်ပင်။ လရောင်ဟာနှစ်ခွက်သောက်ပြီး မူးနေလေပြီ။

𝑲𝒊𝒔𝒔Where stories live. Discover now