∆.25

25.2K 985 95
                                    

Uni

" မင်းငါ့ကိုမကာကွယ်ခဲ့ဘူး အာဏာ...မင်းရှိပါတယ်ဆိုပြီး ငါအန္တရာယ်ဆိုတာ ကြုံမလာဘူးလို့တောင် တွေးထားခဲ့တာ...မင်းက ငါ့အပေါ်မှာ မကာကွယ်ပေးခဲ့ဘူး...အာဏာ မင်းက တစ်ကိုယ်ကောင်းသမား! "

ဖြူလွှလွှ ပုံရိပ်လေးဟာ အပြစ်တင်‌ခြင်း စကားများနှင့် အာဏာ့အား စိတ်ဆိုးနေလေသည်။

" မဟုတ်ဘူး...ခင်ဗျားအထင်လွဲနေတာ...ကျုပ်ရှင်းပြပါ့မယ်...ခနပဲ နားထောင်ပေးပါ "

" ဟင့်အင်း...မင်းညာတာ မင်းကအမြဲ မင်းအတွက်ပဲကြည့်တာ...ငါက မင်းရဲ့အရုပ်သာသာပဲ "

" မဟုတ်ပါဘူး ခင်ဗျားရာ...ကျုပ် ကျုပ် "

ထွက်မလာခဲ့ဘူး။ တောင်းပန်ပါတယ်ဆိုတဲ့စကားက ဘာလို့ ထွက်မလာရတာလဲ။

" မင်းက ငါ့ကို မကာကွယ်ချင်ခဲ့ဘူးမလား "

" မဟုတ်ဘူးလို့ ကျုပ်ပြောနေတယ်လေ! "

အော်ဟစ်ကာ နိုးထလာသည်မို့ အာဏာ့မျက်နှာထက် ချွေးများထွက်နေလေသည်။ ဆုပ်ကိုင်ထားသော လက်တစ်စုံဟာလည်း တင်းကြပ်စွာပင်။

" ပြည့်ရှင်...ဘာဖြစ်တာလဲ "

" ကိုကို ဘာဖြစ်လို့လဲ "

" ပြည့်ရှင်...မင်း အဆင်ပြေရဲ့လား "

နေ့ King နှင့် လရောင်ထံမှ အမေးအားမဖြေခင် ကုတင်ထက်ရှိလူသားလေးအား တစ်ချက်စိုက်ကြည့်လိုက်သည်။

" ငါ့ကို Kiss စိတ်အရမ်းဆိုးနေတယ်...အကယ်၍ သူနိုးလာရင် ငါ့ကိုအရင်ကထက် ပိုမုန်းသွားနိုင်လား "

" အာဏာပြည့်ရှင်...မင်းကို အကိုရင်ခွင်က အပြစ်တင်မယ်ထင်နေတာလား "

လရောင်၏ အမေးအား ခေါင်းကိုခါရမ်းလျက် အာဏာ၏ မျက်ဝန်းထက်မှ ကျဆင်းလာသော မျက်ရည်စက်လေးနှင့်အတူ ခေါင်းကို ငုံ့ချလိုက်သည်။

" ငါ့မျက်ကြည်လွှာကို ထည့်ပေးလို့ရလား "

" ကိုကို "

" ပြည့်ရှင်! "

နေ့နှင့် Kingထံမှ ထွက်လာသည့် တားဆီးသံကြောင့် အာဏာဟာ ရင်ခွင့်အား တွေတွေလေးငေးစိုက်ကြည့်လေသည်။

𝑲𝒊𝒔𝒔Where stories live. Discover now