∆.26

26.2K 1.1K 84
                                    

Unicode

" မောင် ငါ...ငါးကင်စားချင်တယ် "

" မောင် ငါ...ကြေးအိုးသောက်မှာ "

" မောင် ခေါက်ဆွဲကြော်လေး ဝယ်ပေးပါ့လားဟင်...ကြက်သားနဲ့လေ "

" အာ...ပေါက်စီလဲစားချင်သေးတာ "

" မောင်ရေ...ဒီပန်းကန်လေး‌ ဆေးပေးပါအုံး "

မျက်စိမမြင်ရသူမို့ အာဏာဟာ အလျှော့ပေးခဲ့တာကြောင့် ခိုင်းချင်ရာကို ခိုင်းနေသူ ရင်ခွင်ဟာ အာဏာ ထိန်းချုပ်ထားသမျှ ဒေါသတွေကို ထွက်ခဲ့ရန် ခေါ်နေသည်နှင့်ပင်တူနေသည်။ သူဒေါသထွက်ရခြင်းအကြောင်းအရင်းကလည်း ရင်ခွင်အော်နေသည့် စားစရာများဟာ နေ့စားချင်လို့ ကပ်ပြီး ပတ်ဝယ်ခိုင်းနေတာများအား သူက ကြားကခိုင်းနေခြင်းကြောင့်ပင်။ စားချင်တာပြော ဟုပြောလိုက်မိသည်မှာ သူမှားသွားသည်ထင်။

" ရင်ခွင်နမ်း! ခင်ဗျားကျုပ်ကို ဘာကောင်ထင်နေတာလဲ... "

" ဘာလို့လဲ...ဟင် "

" ခင်ဗျား ဘယ်နှစ်ခါ‌ခိုင်းမှာလဲ "

" ငါက ဒီတိုင်း မင်းလုပ်ပေးနေတာကို သဘောကျနေမိလို့ ပါ...မမြင်ရပေမဲ့ ငါ ငါ "

" မငိုနဲ့တော့ ကျုပ်စိတ်တိုသွားတယ်...ပန်းကန် ပေး "

" ဟုတ် "

ရင်ခွင် ပန်းကန်အား ပေးလိုက်သည်နှင့် အာဏာက ရာဇအား လက်ယက်ခေါ်လိုက်သည်။ ရာဇရောက်လာသည်နှင့် ပန်းကန်ပေးကာ ဆေးရန်အချက်ပြလိုက်သည်။ ရာဇလည်း ခေါင်းငုံ့အရိုအသေပေးကာ ဆေးရန် ထွက်သွားလေတော့သည်။ သက္ကရာဇ်ဟာလည်း ကျောက်ပတ်တီး ဖြည်ပြီးသွားလေပြီမို့ ပြန်ပြီး လေ့ကျင့်နေလေပြီ။ ရာဇဟာ သက္ကရာဇ်အား လေ့ကျင့်ကူပြီး နားချိန်ရောက်သည်နှင့် အာဏာတို့ထံလာလေ့ရှိသည်။

" Power လာအုံး "

ရှိန်းထက်၏ခေါ်သံကြောင့် ရင်ခွင့်အားကြည့်ရန် နေ့ကိုမှာကာ သူ ရှိန်းထက်နားသို့သွားလိုက်သည်။

" ရောင်နီငယ်ကပြောတယ်...ဒီနေ့ခွဲရမယ်တဲ့...မျက်စိခွဲစိတ်တဲ့ ဆရာဝန်ကြီးက မနက်ဖြန်ဆို နယ်ဘက်က သူ့ရွာပြန်မယ်ကြားတယ် "

𝑲𝒊𝒔𝒔Where stories live. Discover now