∆.55

13.3K 638 27
                                    

Unicode

မနက်ရဲ့အလင်းရောင်ကြောင့် ရင်ခွင်ဦးစွာနိုးလာခဲ့သည်။ သူလွှတ်မပေးချင်သည့် လက်နှစ်ဖက်၏ တင်းကြပ်စွာဖက်တွယ်ခြင်းခံထားရသည့်အပြင် သူဘယ်တော့မှ ထွက်မသွားချင်သည့် ရင်ခွင်ကျယ်ကြီးထဲသို့ရောက်ရှိနေသည်မို့ ရင်ခွင်ပြုံးနေရင်းမှ မျက်ရည်လေးတစ်စက်ကကျဆင်းသည်။ ပျော်၍ကျဆင်းလာသည့်ထိုမျက်ရည်တွေကို ရင်ခွင်မသုတ်မိပဲ မနေ့က အာဏာပြောသည့်စကားကိုသာပြန်ကြားယောင်လာခဲ့ရသည်။

" ခင်ဗျား ကျုပ်ကို ထားသွားတုန်းက ကျုပ် ခင်ဗျားနောက်လိုက်မလာခဲ့သလို နှုတ်လည်းမဆက်ခဲ့ဘူး...အဲ့တာဘာလို့လဲဆိုရင် ကျုပ်ဆီ ခင်ဗျားပြန်လာမှာကို ကျုပ်ယုံလို့...ဆွဲထားရင် သေချာပေါက် ခင်ဗျားမထားခဲ့နိုင်တာကိုလည်းကျုပ်ယုံတယ်...အဲ့တာကြောင့် ခင်ဗျားကျုပ်တားနေရက်နဲ့ထွက်သွားတုန်းက ကျုပ်ကိုမထားခဲ့ချင်တာကိုလည်း ကျုပ်သိတယ် Kiss... "

ထိုစကားကိုပြောရင် ဖက်တွယ်ကာငိုနေသည့် အာဏာဟာ တကယ်ကိုကလေးတစ်ယောက်လိုဖြစ်နေခဲ့သည်။ ရင်ခွင်မနေ့ကအကြောင်းအရာတွေကိုပြန်တွေးနေရင်းမှ ဝင်လာနေကြဖြစ်သည့် ဖုန်းနံပါတ်စိမ်းဟာ ဝင်လာခဲ့တာကြောင့် ရင်ခွင် အာဏာမနိုးရန် ထလိုက်ပြီး ဖုန်းကိုင်ကာ ဇရံတာဘက်သို့ထွက်လိုက်တော့သည်။

" ဟယ်လို "

* မင်းငါပြောသလိုဘာလို့မလုပ်တာလဲ! *

" ဦးလေးကဘယ်သူ‌ဆိုတာမသိပေမဲ့ ကျွန်တော်တစ်ခုလောက်ပြောချင်တယ်...အစက အာဏာ့ကိုစွန့်ခွာဖို့လုပ်ခဲ့တယ်...မဟုတ်ဘူး သားကိုပါ စွန့်ခွာမိတော့မလိုထိဖြစ်ခဲ့တာ...ဒါပေမယ့် ကျွန်တော်ထပ်ပြီးလုပ်မှာမဟုတ်ဘူး...သားကိုကော အာဏာ့ကိုပါ ကျွန်တော်လက်မလွှတ်နိုင်ဘူး...အဲ့တာကြောင့် ဖုန်းထပ်မဆက်ပါနဲ့ "

* ဟား! ဟား! ကောင်းတယ်...အဲ့လိုမျိုးကိုလိုချင်တာ... *

" ဗျာ "

* အစပိုင်းက မင်းတို့ကို သဘောမတူခဲ့တာမှန်ပါတယ်...ဒါပေမယ့် မင်းကို အဘိုးမြေးဘယ်လိုရူးလဲဆိုတာကို သိသင့်သလောက်ထိ သိထားလို့ မင်းမြေးအပေါ်ဘယ်လောက်ထိ ချစ်သလဲဆိုတာ သိချင်ခဲ့လို့ အဘိုးလုပ်ခဲ့တာပါ...အဘိုး မင်းအပေါ်အပြစ်တွေအများကြီးလုပ်ထားခဲ့မိတယ် ရင်ခွင်...အာဏာပြည့်ရှင်ဆိုတဲ့ အဘိုးမြေးကို အဘိုးမျက်နှာမပြနိုင်အောင်ထိ မှားခဲ့တဲ့အမှားတွေလည်းရှိခဲ့တယ်...အခုလိုပဲ ဘာတွေဖြစ်လာဖြစ်လာ အဘိုးမြေးလက်ကိုမလွှတ်လိုက်နဲ့ ရင်ခွင်...အဘိုး မနက်ဖြန် ဂျပန်ပြန်မယ်...အဘိုးတစ်ခုပြောချင်တာက အဘိုးနောက်ဆုံးထွက်သက်ရောက်လာတဲ့နေ့ကျရင် ဂျပန်ကို လာခဲ့ပေးပါ...အဘိုးမြေးလေးကိုကော မြစ်လေးကိုပါ ခေါ်ခဲ့ပေး...ရတယ်မလား "

𝑲𝒊𝒔𝒔Where stories live. Discover now