∆.59

21.8K 662 122
                                    

Unicode

" အာဏာ စောစောစီးစီး ဘယ်လဲ "

" နာရေးသွားမှာ...ခင်ဗျားကနေခဲ့ "

" ဟာ ဘာလို့လဲ "

" သားကိုကြည့်ပြီးနေခဲ့ Kiss...ရိုမန်က ကျုပ်နဲ့လိုက်ရမှာ "

အာဏာ့စကားကြောင့်ဆူပုတ်ပုတ်လေးဖြစ်သွားသူဟာ ကလေးတစ်ယောက်မွေးပြီးတာတောင် ကလေးစိတ်မကုန်သေးသည်မို့ အာဏာ့မှာ နက်ကတိုင်ကြပ်ရင်းမှ ခေါင်းတစ်ခါခါနှင့်ပြုံးနေမိသည်။

" မောင်...ငါလည်းလိုက်ချင်လို့ပါ နော်... "

" ကျစ်! နှာသံကြီးနဲ့ ကျုပ်ကိုလာချွဲမနေနဲ့...ကျုပ်မကြိုက်ဘူး "

" အဲ့ဆို မခေါ်ဘူးလား မောင်က... "

" အင်္ကျီအနက်ရောင်သွားလဲပြီးလိုက်ခဲ့... ကျုပ်ကားထဲကစောင့်မယ်! "

" ဟီး! အဲ့တာကြောင့်ချစ်တာ မွ! "

ပါးအားနမ်းကာ အိမ်ပေါ်တက်သွားသူကြောင့် အာဏာကမျက်မှောင်ကြုတ်သည်။ နှုတ်ခမ်းနမ်းသင့်တဲ့ ဆက်ဆံရေးမရောက်သေးတာလားလို့တွေးမိပြန်တော့ ရင်ခွင့်အား ထီလာကန်ထဲပစ်ချချင်လာမိသည်။ အာဏာတွေးနေစဉ်မှာပင် အဝတ်လဲကာ အိမ်ပေါ်ကဆင်းလာသူရင်ခွင်နမ်းကြောင့် အာဏာဟာ လက်ပိုက်လို့ ခက်ထန်သည့်မျက်နှာအနေအထားလုပ်သည်။

" အာဏာ မင်းဘာဖြစ်နေ... "

" ရင်ခွင်နမ်း "

" ဟင်... "

" ကျုပ်နှုတ်ခမ်းကိုနမ်း! "

" ဟာ မနမ်းပါဘူး! "

ရင်ခွင်ငြင်းလိုက်သည့်အကြောင်းအရင်းက အာဏာ့လူယုံတွေအမြောက်အများရှိနေတာကြောင့်ပင်ဖြစ်သည်။ အလိုက်သိသည့်ရိုမန်ဟာ အရိုအသေပေးလို့ သခင်လေးကိုခေါ်သွားသော်လည်း လူယုံတွေကတော့သူ့နေရာသူရပ်နေကြသည်။

" ရင်ခွင်နမ်း ကျုပ်ခင်ဗျားကို စိတ်ဆိုးသွားပြီ...အဲ့တော့ကျုပ်ကိုချော့ "

" ဟာ ငါဘာလုပ်မိလို့လဲ "

" ခင်ဗျား အခုကျုပ်ကိုမနမ်းဘူးလေ "

" အာဏာမင်းကိုမင်း ကလေးအဖေဆိုတာကော သိသေးရဲ့လား! "

" .... "

𝑲𝒊𝒔𝒔Where stories live. Discover now