∆.42

13.4K 1K 150
                                    

Unicode

ရင်ခွင်တစ်ယောက် ကုတင်ထက် လဲလျောင်းနေသည့် ဒဏ်ရာများနှင့်အာဏာ့ကိုကြည့်ကာ သူ့ကိုသူ အပြစ်တင်လို့မဆုံးဖြစ်နေလေသည်။ မနေ့က သူအခန်းထဲတွင် ရှိနေချိန် ဝင်လာသည့် ဖုန်းစိမ်းအား အစကမကိုင်ဖို့ပြင်ခဲ့သော်လည်း အရေးတကြီးအလုပ်မှ ဆက်တာဖြစ်နေနိုင်တာကြောင့် ရင်ခွင်ကိုင်လိုက်သည်နှင့် တစ်ဖက်မှလူဟာ အာဏာနှင့် အာဏာ့ညီကို ပြန်လိုချင်လားမေးလာသည်မို့ သူလန့်သွားခဲ့ရသည်။

ပြီးသည်နှင့် ပုံပို့လာကာ တစ်ယောက်တည်းလာလျှင် ဘုရင့်ကိုလွှတ်ပေးမည်၊ ဟိုရောက်လို့ သူခိုင်းတာလုပ်ရင် အာဏာ့ကိုလွှတ်ပေးမည် ဟု ပို့လာသည်မို့ ရင်ခွင်ချက်ချင်းပဲ တစ်ယောက်တည်းထွက်ခဲ့သော်လည်း သူဟာ ဘာမှမလုပ်နိုင်ခဲ့သည့်အပြင် အာဏာ့အား အခုလိုဖြစ်စေခဲ့သည်။ နေ့ရောက်လာချိန် အလူးအလဲ ခံနေရသည့် အာဏာ့အနားကို ရင်ခွင်ပြေးသွားခဲ့မိသည်။ သူအာဏာ့ကိုချစ်တယ်။ ထပ်ပြီး အဲ့လိုမျိုး သွေးတွေပေနေတဲ့ အာဏာ့ကို ထပ်ပြီးမမြင်ချင်ဘူး။ အကာအကွယ်မပေးနိုင်ခဲ့ပဲ သူ့ကြောင့်ပဲ အာဏာအခုလိုဖြစ်ရတာမို့ သူ့ကိုသူ စိတ်ပျက်မိသည်။

" အာဏာ...မင်းကအရူးလေး...မင်းက ငါအချစ်ရဆုံးအရူးလေး...အမြဲတမ်း မင်းကိုမကာကွယ်ပေးနိုင်လို့ ငါတောင်းပန်ပါတယ်...နိုးလာရ
င် မင်းကြိုက်သလို အပြစ်ပေးပါ...ငါခံပါ့မယ် "

" ..... "

" ငါမင်းကို ချစ်ပါတယ် အာဏာ...ငါအများကြီးချစ်တာပါ...ဒါပေမဲ့ ဒါပေမဲ့ ငါပြောမထွက်ခဲ့ဘူး...ငါမင်းကို အဲ့လိုအချိန်မျိုးမှာ ချစ်တယ်ဆိုတဲ့ စကားကိုပြောချင်ခဲ့တာမဟုတ်ဘူး "

" ..... "

‌ပြောနေရင်းမှ ကျဆင်းလာသည့် မျက်ရည်တွေကို ရင်ခွင်မသုတ်မိပါ။ အာဏာ့ကြောင့်ဖြစ်တည်လာတဲ့အရာရာတိုင်းကို ရင်ခွင်မြတ်နိုးသည်။ တန်ဖိုးထားသည်။ ထို့ကြောင့် ထိုမျက်ရည်တွေကို ရင်ခွင် လွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်သည်။ သူပိုသန်မာလာချင်တယ်။

" ပိုပြီးသန်မာလာချင်တယ်...မင်းကိုကာကွယ်ပေးချင်တယ်...ရယ်ရတယ်မလား အာဏာ...ငါ့လိုကောင်က မင်းကိုကာကွယ်ချင်နေတာလေ "

𝑲𝒊𝒔𝒔Where stories live. Discover now