∆.51

14.6K 674 59
                                    

Unicode

" အာဏာ မင်းစိတ်လှုပ်ရှားနေတာလား "

" ကျုပ်လိုကောင်က စိတ်လှုပ်ရှားမယ်ထင်နေတာလား "

ဆေးခန်းကို စထွက်ပါပြီဆိုကတည်းက ဂနာမငြိမ်ဖြစ်နေသူကြောင့် ရင်ခွင်မေးမိခြင်းဖြစ်သည်။ ယခုလည်း ကားမောင်းနေရင်းကနေ ဘရိတ်အား ဆောင့်ဆောင့်အုပ်နေတာကြောင့် ရင်ခွင်မေးမိခြင်းဖြစ်သော်လည်း ပြန်ဖြေလာသည်က ဘုကလန့်။

" အာဏာ Ultrasound မရိုက်ခင် ငါမင်းကိုမေးစရာရှိတယ် "

" မေး "

" အကယ်၍ ကလေးလေးက မိန်းကလေးဆို မင်းချစ်ပေးအုံးမှာလား "

" ကျုပ်ကဖခင်စိတ်မရှိတဲ့ကောင်မဟုတ်ဘူး Kiss...သားသမီးဆိုတာ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အတူတူချစ်နိုင်ဖို့ ဖြစ်တည်လာတဲ့ စကားလုံး...ကျုပ်ရင်သွေးက ဘာလေးဖြစ်ဖြစ် ကျုပ်အတွက်အဖိုးမဖြတ်နိုင်တဲ့အရာဆိုတာ သိထား Kiss "

" ..... "

" နောက်တစ်ခုက ခင်ဗျားအသက်အန္တရာယ်နဲ့ရင်းပြီး မွေးဖွားလာမယ့်ကျုပ်တို့ကလေးက ရှင်ဘုရင်ထက်တောင် ကြီးမားတဲ့ ဩဇာအာဏာနဲ့ ရှင်သန်ရမယ် "

ရင်ခွင်ဟာ ဝမ်းသာပီတိမျက်နှာဖြင့်သာကြည့်နေခဲ့ပြီး ပြုံးနေခဲ့သည်။ ဘာစကားမှမပြောသလို မကျေနပ်သည့်အမူအရာ၊ အယုံအကြည်မရှိသည့်အမူအရာ လုံးဝမဟုတ်ပေ။ အစကတည်းက အခုလိုတွေပြောလာမှာကိုသိလို့ မေးလိုက်သည့်ပုံစံဖြစ်နေခဲ့သည်။

" ငါ...မောင့်ကိုချစ်တယ် "

" ကျုပ်ကကလေးကိုပိုချစ်သွားပြီ...ဘယ်လိုလုပ်မလဲ "

" ဟီး "

" ကျစ်! "

" အယ် "

တစ်ဖက်လှည့်ကာ စိတ်တိုသည့်ရုပ်ဖြစ်သွားသူကြောင့် ရင်ခွင့်မှာ နားမလည်စွာဖြင့်စိုက်ကြည့်နေမိသည်။ သူဘာမှမလုပ်ပဲ ဘာလို့မျိုး စိတ်ဆိုးနေလဲဆိုတာလည်း နားမလည်နိုင်ဖြစ်နေရသည်။

𝑲𝒊𝒔𝒔Where stories live. Discover now