∆.16

33.4K 1.5K 153
                                    

Unicode

" Kiss...ဘယ်မှာလဲ "

အာဏာဟာ ဂရုစိုက်ဖို့မမှာလိုက်ရ၍ အစည်းအဝေးတန်းလန်းထားခဲ့ပြီး PK Bar ကိုသွားခဲ့ရသည့်အပြင် ရင်ခွင့်ကိုလည်း တစ်ယောက်တည်းမထားခဲ့ချင်သည်မို့ အိမ်ပြန်ခေါ်လာခဲ့ခြင်းသာ။ စိတ်ပူ၍ ခေါ်လာသည်ကို ဘယ်လိုတလွဲကောက်၍လည်းမသိ။ ရင်ခွင်ဟာထမင်းမစားပဲ ဆန္ဒပြနေလေသည်။ အာဏာသည် သက္ကရာဇ်၏ " အကိုလေး...ထမင်းလာမစားပါဘူး...Boss...ကျွေးလို့လည်းမရလို့ပါဗျ " ဟူသည့် Message ကြောင့် အိမ်ပြန်လာရခြင်း ဖြစ်သည်။

" အပေါ်မှာပါ...Boss "

အိမ်ပေါ်သို့ ပြေးတက်သွားသော အာဏာ့ကိုကြည့်ကာ သက္ကရာဇ်မှာ ရင်တေပါတုန်လာသလိုဖြစ်နေသည်မို့ လက်ဖြင့် ရင်ဘက်အားအုပ်ကိုင်လိုက်သည်။ Bossကြည့်ရတာ အတော် ဒေါသထွက်နေပုံပေါ်တာကြောင့် သူရင်တုန်သွားတာ။

ဒုန်း!

" အယ့် "

တံခါးအား ကန်ကာဖွင့်ချလိုက်သည့် အာဏာကြောင့် ရင်ခွင်လန့်သွားရသည်။ ခေါက်ထားသည့်ကြယ်များအား ကြယ်ဘူးလေးထဲထည့်နေသူ ရင်ခွင်မှာ ကြယ်ဘူးလေးပါ မွေ့ယာထက် လွတ်ကျသွားရသည်။

" ခင်ဗျား...လာခဲ့! "

မွေ့ယာထက်မှ ရင်ခွင့်လက်အား အတင်းဆွဲလာသော အာဏာကြောင့် ရင်ခွင်ကရုန်းသည်။

" အာဏာ...ငါနာတယ်...လွှတ်! "

မကြားဟန်ပြုလျက် ရင်ခွင့်အား မွေ့ယာထက်မှ အတင်းဆွဲချလိုက်သည်မို့ ရင်ခွင်မှာထိုင်ရက်လေးပြုတ်ကျလေတော့သည်။

" အာဏာပြည့်ရှင်!! "

ရင်ခွင်အရမ်းနာသွားကာ စိတ်တို၍ အော်မိတော့သည်။ အာဏာသည် ရင်ခွင်အော်လိုက်သည်နှင့် ရင်ခွင့်အား လက်မောင်းမှဆွဲကာ ထစေသည်။

" ဖယ်...လွှတ်! "

" ကျုပ်ဘာလုပ်မိလို့ ခင်ဗျားထမင်းမစားတာလဲ...ဟမ် Kiss! "

" မင်းအခုလိုတွေလုပ်နေတာကို ဘယ်အချိန်ရပ်မှာလဲ...အာဏာပြည့်ရှင် "

" ကျုပ်မေးတာကို အရင်ဖြေ! ကျုပ်ကိုပြန်မမေးနဲ့! "

" ငါအလုပ်လုပ်မလို့လို့ ပြောခဲ့တယ်လေ! ဘာလို့ ငါ့ကိုပြန်ခေါ်လာတာလဲ! "

𝑲𝒊𝒔𝒔Where stories live. Discover now