∆.58

13.3K 595 48
                                    

Unicode

" ဝလုံး လာအုံး "

" ဘာလာလုပ်ရမှာလဲ...ငါချက်ရပြုတ်ရအုံးမယ် "

" အပြင်သွားမလို့ "

" သွားပါ့လား "

" လိုက်ခဲ့ "

" ဘယ်လိုက်ရမှာလဲ "

" သင်္ချိုင်းကုန်းမခေါ်ပါဘူး...ဘယ်လဲမေးမနေနဲ့ "

" ဟာ "

ဘုရင်ဟာ သူပြောချင်ရာပြောလို့ ကားပေါ်တက်သွားပြီး ထက်ဝဏာကားပေါ်မတက်မချင်းထိုင်စောင့်ရှာသည်။ ထက်ဝဏာကားပေါ်တက်လိုက်သည်နှင့် အာဏာဘုရင်ဟာ ကားမောင်းထွက်တော့သည်။

" ငါမေးတာမဖြေတော့ဘူးလား "

" ..... "

" ခွေးကောင်လေး မင်းဘယ်သွားမှာလဲလို့! "

" အင်းလေး "

" အမ်! အင်းလေးဘာသွားလုပ်မှာလဲ "

" ရေသွားချိုးမှာ "

" ဘာဖြစ်တယ်! "

" ..... "

ဘုရင်ဟာ ဘာမှမပြောတော့ပဲ ကားကိုသာအာရုံစိုက်မောင်းနှင်လေသည်။ ထက်ဝဏာမှာတော့ စကားပြန်မလာတော့သူကြောင့် ဘုရင့်ဘက်လှည့်လို့ ခါးထောက်ကာ မျက်စောင်းထိုးလိုက်သည်။ ပြီးသည်နှင့် သွားချင်သည့်နေရာအား သတိရသွားသည်မို့ အင်းလေးကိုသွားမည့်အစား ထိုနေရာကိုသွားစေချင်သည်။

" ဘုရင် အင်းလေးသွားမယ့်အစားလေ ဒီမိတ္ထီလာကပဲ တစ်ခြားနေရာတစ်ခုခုကိုသွားရအောင် နော်...နီးလည်းနီးတယ်လေ "

" သွားချင်တဲ့နေရာရှိနေလို့လား "

" အွန်း ငါဘုရားတွေပတ်ဖူးချင်လို့ "

" အင်း သိပြီ "

အာဏာဟာ ကားအားပြန်ကွေ့လို့ ဘုရားအနှံ့အားလိုက်ပို့တော့သည်။ ဦးဆုံးရေလယ်ဘုရားအားဝသ်လိုက်ပြီး ရေလယ်ဘုရားထံသို့သွားရသည့်လမ်းတွင် တစ်ဖြေးဖြေးချင်းလျှောက်နေသူကြောင့် ရှေ့ကြိုရောက်နေသူဘုရင်ဟာ စိတ်မရှည်တော့ပဲ ပြန်လှည့်ခေါ်ချိန်တွင် ကြွေပြားတွေရဲ့အပူဒဏ်ကို သေချာခံစားမိလိုက်တာကြောင့် သူ၏ဝလုံးခြေထောက်တွေ ပူမည်စိုး၍ ပွေ့ချီလိုက်သည်မှာ ဆွေ့ကနဲပင်။ မျက်လုံးပြူးသွားသူထက်ဝဏာမှာတော့ ဘုရင့်ရင်ဘက်အားထုရိုက်လို့လွှတ်ခိုင်းရတော့သည်။

𝑲𝒊𝒔𝒔Where stories live. Discover now