∆.17

33.6K 1.3K 75
                                    

Unicode

" အာဏာ ဒီနေ့ငါချက်ထားတာ...မင်းထမင်းစားတော့မလား "

အာဏာမလာခင် ပျင်းနေသည်မို့ ရင်ခွင်က မီးဖိုချောင်ဝင်လေတော့သည်။ အာဏာစိတ်ဆိုးနေသည်ကို ချော့ချင်သည်က ထိပ်ဆုံးကဖြစ်လိမ့်မည်။ အိမ်အကူများကတားသော်လည်း ရင်ခွင်ဟာ ရကြောင်းပြောကာ သူကိုယ်တိုင်အကုန်ချက်ပြုတ်ခဲ့လေသည်။

" ခင်ဗျားက ဘာလို့ချက်တာလဲ...? "

" မင်းစားဖို့ချက်ပေးချင်လို့ပေါ့ "

" အင်း...စားကြတာပေါ့ "

အာဏာထမင်းစားခန်းရှိ စားပွဲထံရောက်သည်နှင့် ရင်ခွင့်ဘက်လှည့်ကာ စကားစလေသည်။

" ကျုပ်ကအိမ်ဦးနတ်...အဲ့တော့ ခင်ဗျားက ထိပ်ဆုံးထိုင်လိုက်...ကျုပ် ဒီဘေးခုံမှာထိုင်မယ် "

အာဏာ့စကားကြောင့် ခေါင်းငုံ့နေသည့် Bodyguard များအပါအဝင် သက္ကရာဇ်နှင့်ရာဇပါ ခေါင်းထောင်လာကာ တအံ့တဩကြည့်နေမိကြလေသည်။

သူတို့သခင်လေးက ထမင်းစားပွဲရဲ့ ထိပ်ဆုံးမှာပဲ အမြဲထိုင်လေ့ရှိတာ Boss၏ဖခင် ရှိစဉ်ကတည်းကလေ...

" အိမ်ဦးနတ်တွေက ဘေးခုံထိုင်ရတာလား "

ရင်ခွင်၏အမေးအား အာဏာပြန်မဖြေခဲ့ပါ။ ဆူပုတ်ပုတ်လေးဖြစ်သွားသည့်ရင်ခွင်ဟာ ထမင်းနှင့်ဟင်းများလာချရန် ပြောလိုက်ပြီး ထိပ်ဆုံးခုံတွင်ဝင်ထိုင်လိုက်လေတော့သည်။

" ဒါဘာလဲ "

ငါးပိရည်ပန်းကန်အားကြည့်ကာ အာဏာက မျက်မှောင်ကျုံ့လျက်မေးသည်။

" ငါးပိရည်လေ...ဒါက တို့စရာ , ဒါလေးက ငါးကို နှပ်ချက်လေး ချက်ထားတာ , ဒါက ကြက်သားကြော် , ဒါကပုစွန်ချိုချဉ်ကြော် ချိုချိုချဉ်ချဉ်လေး သေချာကြော်ထားတာ ခေါင်းတွေကော ခွာပြီးသား...စားရုံပဲ "

" အော်... "

အာဏာ အော်ဟုပြောကာ ကြက်သားကြော်နှင့် ငါးတစ်တုံးယူကာ ရင်ခွင့်ထဲထည့်ပေးလိုက်သည်။

" ရတယ်...အာဏာ ငါ့ဘာသာပဲထည့်စား "

ပုစွန်ချိုချဉ်ပန်းကန်အား အာဏာက ဇွန်း ၊ ခရင်းနှင့် ယူထည့်လျက် မျက်ထောင့်နီကြီးဖြင့် ‌စိုက်ကြည့်လာလေသည်မို့ ရင်ခွင်သည် ဇွန်းဖြင့် ထမင်းစားရန်သာပြင်လိုက်တော့လေသည်။ ရင်ခွင်ဟာ ဇွန်း ၊ ခရင်းမသုံးတတ်သည်မို့ ဇွန်းတစ်ခုတည်းနှင့်သာစားလေသည်။

𝑲𝒊𝒔𝒔Where stories live. Discover now