∆.41

13.4K 614 16
                                    

Uni

" ခင်ဗျား ဘာဖြစ်နေတာလဲ "

" မနေ့က မင်းတို့ဘာအကြောင်းပြောကြတာလဲလို့မေးတာ မင်းဖြေလား ပြော! "

" ဘာကိစ္စ ခင်ဗျားက သိချင်တာလဲ...ခင်ဗျားစိတ်ပူစရာမလိုဘူးလို့ ကျုပ်ပြောထားတယ်မလား "

" ပူမှာပဲ! ဘာဖြစ်ချင်လဲ မင်း! "

" ကျစ်! Kiss မဆိုးစမ်းပါနဲ့...ကျုပ်စိတ်မတိုချင်ဘူး "

" ဆိုးတော့ဘာဖြစ်ချင်လဲ "

ခါးထောက်ကာပြောလာသူအား အာဏာက မျက်မှောင်ကြုတ်လို့ကြည့်လေသည်။ ရင်ခွင်နမ်းဟာ အာဏာတို့ ဆွေးနွေးကြပြီး စာကြည့်ခန်းမှထွက်လာကြသည့်အချိန်မှစပြီး တစ်ညလုံးထိုင်ရစ်နေသည်မှာ မိုးပင်လင်းတော့မည်။ ဘာဖြစ်ချင်နေလဲဆိုတာ အာဏာမသိသလို၊ ဘာဖြစ်နေလဲဆိုတာလည်း အာဏာမသိတော့ပေ။ အချိန်အတော်ကြာထိ သူတို့နှစ်ယောက်မတွေ့ရတာတောင် ဖက်ပြီး အိပ်မယ်မရှိ၊ တစ်ညလုံး ဒေါသထွက်အောင် ထိုင်ဆွနေသည့် ရင်ခွင်နမ်းအား အာဏာဒေါသစိတ်အား အတော်ထိန်းလို့ ‌စကားပြောနေရသည်။

" Kiss...ကျုပ်တို့ မတွေ့ရတဲ့ရက်တွေမှာ ကျုပ်ကိုလွမ်းမနေဘူးလား "

" ..... "

အာဏာ၏အမေးစကားအား ဖြေမလာပဲ ခေါင်းငုံ့လို့ ငိုလာသူကြောင့် အာဏာ့မှာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားရသည်။ ဘာမှမပြောပဲ ငိုပဲငိုနေသူအား အာဏာပွေ့ဖက်လိုက်တော့လေသည်။

" အင့်! အီးဟီး! "

ရင်ခွင် သူ့အားပွေ့ဖက်လာသည့် အာဏာ့အားပြန်ပွေ့ဖက်ကာ တစ်ဝကြီး အော်ငိုပစ်လိုက်သည်။ မလွမ်းဘူးလား မေးလာသူအား ပြန်မဖြေမိသော်လည်း မတွေ့ရသည့်နေ့ရက်တွေမှာ စက္ကန့်မပြတ် သူလွမ်းနေခဲ့တာကို သူသာလျှင်သိပါသည်။ စိတ်တင်းပြီး စာသင်ပေးတဲ့အပေါ်အာရုံစိုက်ခဲ့သော်လည်း စာသင်ချိန်ပြီးတာနှင့် ပြန်လွမ်းခဲ့ရသည်။ နေ့ရက်ပေါင်းများစွာမှာ ‌အာဏာ့ရဲ့ ဆူပူသံတွေ၊ ဒေါသစိတ်နှင့်ပြောလာသည့်အသံတွေ၊ စနောက်သံတွေ အားလုံးကို ရင်ခွင်လွမ်းနေခဲ့ရပါသည်။ ထို့ကြောင့်ပဲ မကြားရသည့်အသံလေးကို တစ်ညလုံး သူကြားရဖို့ ပြုလုပ်ခဲ့ရုံသာ။ အဲ့စာကြည့်ခန်းတွင်းမှ ဘာအစည်းအပွဲပဲဖြစ်နေပါစေ သူမသိချင်ပါ။ အာဏာ့ရဲ့စကားသံတွေကို ဆက်တိုက်ကြားချင်နေခဲ့ရုံသာဖြစ်၏။

𝑲𝒊𝒔𝒔Where stories live. Discover now