∆.29

24.2K 1.1K 81
                                    

Unicode...

" Kiss...ထ "

" ဟင့်အင်း... "

မနက် ( ၈ )နာရီ ကျော်ပြီဖြစ်တာကြောင့် အာဏာအလုပ်သွားရမည်။ ဒါ့အပြင် သူတို့လုပ်ဖူးသည့် ပြိုင်ပွဲတွင် ရှုံးသွားသူဟာ သူ့အားမနှိုးသလို အနမ်းမပေးသည်မှာလည်း ကြာခဲ့ပြီဖြစ်၏။ ထို့ကြောင့် အာဏာဟာ ရင်ခွင့်အား နှိုးနေခြင်းဖြစ်သည်။

" ထ...ကျုပ်ကိုနမ်း ပြီးမှပြန်အိပ်...ကျုပ်အပြင်သွားမလို့ "

" မင်းသူများအိပ်နေရင် ဘာလို့အဲ့လိုနှောင့်ယှက်ရတာလဲ "

ဆူပုတ်ပုတ်လေးနှင့် ထလာသူဟာ မွေ့ယာအား ထုကာ စိတ်ဆိုးနေလေသည်။

" ကျုပ်စိတ်မတိုခင် နမ်းမှာ အသာ နမ်းစမ်းပါ "

အာဏာ၏စကားအား မကြားဟန်ပြုကာ ဆောင်ခြုံ၍ ပြန်အိပ်နေသည့် ရင်ခွင့်အပေါ်မှ စောင်အား ဆွဲချကာ အပေါ်မှ အုပ်မိုးလိုက်သည်။

" ကျုပ်ကို နမ်းမှာလား...မနမ်းဘူးလား "

အနည်းငယ် မာလာသည့် လေသံကြောင့် ရင်ခွင်ဟာ အာဏာ၏ ပါးအားလှမ်းနမ်းလိုက်ပြီး စောင်ခေါင်းမြှီးခြုံကာ ပြန်အိပ်သွားသူ ရင်ခွင့်အား အာဏာ စောင်ပြန်ဆွဲချလိုက်သည်။

" Kiss...နှုတ်ခမ်းကိုနမ်းလေ...ပါးလာနမ်းရုံနဲ့ ကျေနပ်ရအောင် ကျုပ်က ခင်ဗျားလင်...ခင်ဗျားအိမ်မွေးခွေးမဟုတ်ဘူး "

" မင်းအတော်ကိုနော်...ဘယ်လိုမှန်းမသိဘူး...သူများအိပ်နေတာကို "

" လင်ယောက်ျားက ဒါလုပ်ဆို လုပ်လိုက်...အဲ့တာ ကြီးပွားတိုးတက်ဖို့လမ်းစပဲ "

ရင်ခွင့်ထံမှ မျက်စောင်းပိစိလေးဟာ အာဏာ့ထံသို့ ချက်ချင်းကို ရောက်သွားလေတော့သည်။ အာဏာဟာ သဘောတကျပြုံးကာ မျက်လုံးမှိတ်ပေးလိုက်သည်နှင့် နှုတ်ခမ်းအား ဖြတ်ကနဲနမ်းကာ အာဏာ့အား တွန်းဖယ်၍ ရေချိုးခန်းထဲသို့ ပြေးဝင်သွားလေသည်။

" ဟိတ်! ခင်ဗျားမအိပ်တော့ဘူးလား "

" ဘယ်အရူးကောင်က ငါအိပ်မရအောင် လုပ်တာလဲ "

ရေချိုးခန်းထဲမှ အသံဆာဆာလေးကြောင့် အာဏာကပြုံးသည်။

" အဲ့အရူးကောင်က ခင်ဗျားလင်ပဲလေ...သည်းခံလိုက်ပေါ့ "

𝑲𝒊𝒔𝒔Where stories live. Discover now