Chapter-9

309 29 0
                                    

ဘာလိုလိုနဲ့အချိန်တွေတောင်သုံးလလောက်ကြာခဲ့ပြီလေ~

အချိန်သုံးလအတွင်းမှာသူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုဟာလည်းတိုးတက်လာခဲ့တယ်။ဝန်ဘင်းအစပိုင်းမှာထင်ထားခဲ့တာက သူတော့တစ်နည်းမဟုတ်တစ်နည်းဒုက္ခပေးခံရဦးမှာပဲဟုပင်။သူထင်ထားသလိုဖြစ်မလာပဲ ဂျောင်ဆောင်ချန်းကသူ့ကိုပိုပြီးခင်တွယ်လာသလိုတောင်ခံစားရတယ် ဟန်ဆောင်နေတာသာမဟုတ်ရင်ပေါ့။မနက်စာကိုအိမ်မှာပဲတူတူစားတာမျိုး၊နောက်ပိုင်းတဖြည်းဖြည်း နေ့လည်စာကိုပါအိမ်ထိတကူးတကပြန်လာစားတာမျိုး။ခုဆိုရင်သူကဂျောင်ဆောင်ချန်းအတွက်အဝတ်အစားထုတ်ပေးရေးနဲ့ necktie ချည်ပေးရေးတာဝန်ခံဖြစ်လာတာလည်းသုံးလရှိခဲ့ပြီ။ကြားထဲမှာထူးထူးခြားခြားဘာမှမဖြစ်တာကပဲထူးခြားနေတာလားတော့မပြောတတ်။

"ဒီနေ့ညစာ အိမ်ပြန်မစားတော့ဘူး dinner ရှိလို့"

"တစ်ယောက်တည်းစားလည်းထမင်းပါပဲ ရတယ် ကိစ္စမရှိဘူး"

"နေဦးပြောလို့မပြီးသေးဘူး​ေလ။ဒီနေ့မင်းပါပွဲလိုက်တက်ရမယ်"

necktie ချည်ပေးနေတဲ့ဝန်ဘင်းရဲ့လက်တွေကရပ်သွားပြီး ဂျောင်ဆောင်ချန်းမျက်နှာကိုတည့်တည့်ကြည့်ပြီးအကဲခတ်လိုက်တယ်။

"ဘာလဲ..တစ်ခုခုပေနေလို့လား"

"ဟျောင်း မဟုတ်တာတွေထပ်ပြီးကြံစည်နေပြန်ပြီလား။ကျွန်တော်မလိုက်ဘူးနော်"

"အမှန်တိုင်းပြောရရင် ဒီနေ့မင်းကဟျောင်းရဲ့ပါတနာအနေနဲ့ပွဲတက်ရမှာဟုတ်တယ်။အဲ့ဒါအကုန်ပဲ နောက်ထပ်ဘာမှမရှိဘူး"

ဝန်ဘင်းသိပ်တော့မယုံချင်ပေ။အရင်နေ့တွေတုန်းကအခန်းထဲပဲအောင်းနေရတာပျင်းလွန်းလို့အပြင်လေးတစ်ခါပို့ပေးဖို့ပြောတာတောင်ငြင်းပြီး ခုမှပွဲထုတ်မယ်ဆိုတာကတော့ မယုံချင်စရာပဲလေ။

"ကျွန်တော် ေခါင်းနည်းနည်းမူးနေတာ အအေးပတ်သွားတာထင်တယ်။ဟျောင်းကိုဒုက္ခလိုက်မပေးတော့ပါဘူး"

"တကယ် ဘာကိစ္စမှမရှိဘူးဆိုနေတာကို။ပြီးတော့ ဟိုမိန်း..ဂန်ဆိုအွန်းပြန်ရောက်နေပြီ သူလည်းပွဲတက်လိမ့်မယ်။မင်းမတွေ့ချင်ဘူးလား"

My Only SunshineWhere stories live. Discover now