Chapter-17

380 27 3
                                    

ထင်မှတ်မထားစွာနဲ့ သူပြောတဲ့စကားကိုဝန်ဘင်းကချက်ချင်းတုံ့ပြန်ပေးလာတဲ့အတွက်ဂျောင်ဆောင်ချန်း အံ့အားသင့်သွားမိတယ်။တစ်ချိန်တည်းမှာပဲ ရင်ဘတ်ထဲမှာတင်းကြပ်လာပြီး အပြစ်ရှိတဲ့ခံစားချက်ကပိုကြီးထွားလာတယ်။ဝန်ဘင်းသာအကုန်ပြန်မှတ်မိသွားရင် သူ့ကိုဒီလိုယုံကြည်ပေးပါဦးမလား။သူ့ကိုမုန်းသွားပြီးတော့တစ်ယောက်တည်းထားခဲ့မှာလား။

ကြားလေမသွေးခင်မှာအကုန်လုံးကိုပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီးဝန်ခံချင်ပေမယ့်အခုလက်ရှိသူတို့နှစ်ယောက်ရဲ့လှပတဲ့အချိန်အခိုက်အတန့်လေးတွေကိုမပျက်စီးစေချင်သေးဘူး။အရင်ကဘာတွေပဲဖြစ်ခဲ့ပါစေ ခုချိန်မှာ ဝန်ဘင်းအပေါ်ထားရှိတဲ့ သူ့ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကို အစွန်းအထင်းဖြစ်သွားမှာမျိုး၊မယုံမကြည်ဖြစ်ခံရမှာမျိုးကိုလည်း မလိုလားဘူး။

"ကိုယ်ကတိပေးတယ်။မင်းကိုဘယ်တော့မှစိတ်ပျက်အောင်ထပ်မလုပ်ဘူး။အရင်ကလုပ်ခဲ့တဲ့အမှားတွေအကုန်လုံးကိုလည်း ထိုက်ထိုက်တန်တန်ပြန်ပေးဆပ်သွားမှာပါ"

"ဖြစ်ပြီးတာတွေကဖြစ်ပြီးပြီပဲလေ ထားလိုက်ပါတော့ ပြန်မတွေးချင်တော့ဘူး"

ဝန်ဘင်းရဲ့ နဖူးပေါ်မှာကျနေတဲ့ဆံပင်လေးတွေကိုလက်နဲ့အသာအယာဖယ်ကာနဖူးလှလှလေးပေါ်ကို ဖွဖွလေးတစ်ချက်နမ်းလိုက်တယ်။
"တောင်းပန်ပါတယ်။ မင်းကိုနာကျင်စေခဲ့မိတဲ့အတွက်ရော စိတ်ဒဏ်ရာတွေပေးခဲ့မိတဲ့အတွက်ရော လှည့်စားခဲ့မိတာတွေအတွက်ရော။နောက်တစ်ခါဆိုတာဘယ်တော့မှမရှိစေရဘူးနော်"

သူ့ကိုအရည်လဲ့နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်နေတဲ့ ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်ရင်း
"ကိုယ်အသက်ရှင်​နေသမျှကာလပတ်လုံးကိုယ့်ရဲ့အကောင်းဆုံးပုံစံနဲ့မင်းကိုချစ်ပေးသွားမှာ။ကိုယ့်ရဲ့အသက်ရော ဝိဉာဉ် ရောကမင်းတစ်ယောက်တည်းအတွက် အပိုင်ပဲ။ဒါကြောင့် ကိုယ့်ကိုထားမသွားပါနဲ့နော်"

ရင်ခွင်ထဲကချစ်ရတဲ့သူကလည်း သဘောတူသည့်အလား သူ့ရဲ့ခါးကိုလက်ကလေးနှစ်ဖက်နဲ့တင်းနေအောင်ပြန်သိုင်းဖက်လာတယ်။
သူ့ရင်ဘတ်ပေါ်က ပူနွေးစိုစွတ်လာတာကိုလည်းခံစားမိလိုက်တယ်။ကြည့်ရတာတော့သူ့ရဲ့ခံစားလွယ်တဲ့ကလေးလေးကငိုနေပြန်ပြီထင်ပါ့။

My Only SunshineWhere stories live. Discover now