Chapter-6

323 27 0
                                    

"ကြိုက်တဲ့ခုံ ယူထိုင်လေ မတ်တပ်ကြီးမညောင်းဘူးလား"

"အော"
နှုတ်ကဖြေလိုက်ပေမယ့်စိတ်ထဲကနေတော့ကြိတ်​ဝေဖန်မိပါ၏။
'ကြိုက်တဲ့ခုံ ယူထိုင်လေးဘာလေးနဲ့ရှိတဲ့ခုံကဖြင့်နှစ်လုံးတည်းကို'

ဒီနေ့အလုပ်နားလို့ထင်ပါရဲ့ သူ့ကိုထိုင်ခိုင်းပြီးဂျောင်ဆောင်ချန်းကတော့ခုတင်ပေါ်မှာမှီပြီးဖုန်းသုံးလိုက် စာအုပ်ဖတ်လိုက်နဲ့ခဏကြာတော့ညနေခင်းကြီးကိုစောင်ခြုံပြီးအိပ်သွားပြန်တယ်။ဝန်ဘင်းကတော့ထိုင်ခုံပေါ်မှာပဲအတွေးပေါင်းစုံတွေးပြီးမလှုပ်မယှက်ထိုင်နေမိတာအချိန်ကိုတောင်သတိမပြုမိသည်အထိပင်။

ဂျောင်ဆောင်ချန်းနိုးလာတဲ့အခါအချိန်ကိုတစ်ချက်ကြည့်လိုက်တော့ ည၇နာရီတောင်ထိုးနေပြီဖြစ်တယ်။
"အကြာကြီးအိပ်မိသွားတာပဲ.... အမလေး ဘယ်သူကြီးလဲ!!!ပတ်..ဝန်..ဘင်း လန့်လိုက်တာ။တစ်ချိန်လုံးအဲ့လိုကြီးထိုင်နေတာလား"

"မသိရင်သရဲတွေ့တဲ့အတိုင်းပဲ။ခင်ဗျားမအိပ်ခင်ကတည်းကဒီလိုပဲထိုင်နေတာကိုအလန့်တကြားနဲ့"

"ငါလည်းတစ်ယောက်တည်းနေနေကျဆိုတော့မင်းရှိမှန်းရုတ်တရက်မေ့သွားတာ ကြောက်တာရယ်တော့..မဟုတ်ပါဘူး။အခုညစာသွားစားကြရအောင်"

ညစာစားမယ်ပြောမှသူထိုင်နေတာအချိန်တော်တော်ကြာသွားမှန်းသတိပြုမိတယ်။
'ညရောက်ရင်လည်းဒီလိုကြီးပဲထိုင်နေရမှာလားမသိဘူး ညောင်းလိုက်တာခုတောင်'

ဝန်ဘင်းရောက်ကတည်းကမနက်စာ၊နေ့လည်စာ၊ညစာ အချိန်တိုင်းသူအခန်းထဲမှာပဲစားခဲ့ရတာဖြစ်တယ်။အောက်ဆင်းပြီးထမင်းစားခန်းထဲမှာစားရမှာပထမဆုံးပဲ ဂျောင်ဆောင်ချန်းနဲ့အတူပေါ့။

ထမင်းစားခန်းကနန်းတော်ကြီးလိုခမ်းနားတဲ့အိမ်နဲ့ဆန့်ကျင်စွာတကယ်ကိုကျဉ်းကျဉ်းလေးဖြစ်တယ်။သူထင်ထားတာကဇာတ်လမ်းတွေထဲကလိုစားပွဲခုံအရှည်ကြီးမှာဟိုဘက်ထိပ်ဒီဘက်ထိပ်ထမင်းစားရမယ်ထင်နေတာ။ခုကတော့ထိုင်ခုံတစ်လုံးသာပါတဲ့စားပွဲဝိုင်းအရှည်လေးပဲရှိတဲ့အခန်းကျဉ်းလေးဖြစ်နေတယ်။

My Only SunshineWhere stories live. Discover now