Chapter-3

356 21 0
                                    

ဝန်ဘင်းမှာမနေ့ညကနဲ့ခုနဲ့လူနှစ်ယောက်လိုပြောင်းသွားတဲ့ ဂျောင်ဆောင်ချန်းကြောင့်အံသြလွန်းလို့အကြာကြီးကြောင်နေမိတယ်။

"ထပြီးမျက်နှာသစ်တော့။ဘာလဲတကယ်ကြီးချိုချဉ်စားရဖို့စောင့်နေတာလား"

ဂျောင်ဆောင်ချန်းကသူ့မျက်နှာရှေ့လက်ဖျောက်တစ်ချက်တီးပြီးပြောလာမှအသိပြန်ဝင်လာတယ်။
"မဟုတ်ပါဘူး။ခင်ဗျားကရုတ်တရက်ကြီးရောက်လာတော့အံသြသွားလို့ပါ"

"ဒါငါ့အိမ်ပဲလေ ငါဝင်ချင်တဲ့အချိန်ဝင်မယ်ထွက်ချင်တဲ့အချိန်ထွက်မယ်။ဘာမှအံသြနေစရာမလိုဘူး"

'သြော်..သူကျဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ပြီးငါ့ကျအခန်းထဲမှာပဲပိတ်ထားမယ်ပေါ့။တရားကျစရာကောင်းလိုက်တာ။ဘာကိုလူနှစ်ယောက်ပြောင်းတာလဲအပိုတွေ'

"အခုလာရင်းကိစ္စကိုပြောမယ်။မနက်ကမင်းဆီကိုဟိုမိန်းမစာပို့လာတယ်။အဲ့ဒါနဲ့ငါလည်း၉နာရီလောက်ကျ ဖုန်းဆက်လိုက်မယ်ပြောထားတယ်။၈း၄၅ ကိုငါ့ရုံးခန်းထဲလာခဲ့"

သူ့ကိုပြန်ဖြေချိန်တောင်မပေးပဲတံခါးဘက်လျှောက်သွားတဲ့ကျောပြင်ကိုပဲတွေ့လိုက်ရတယ်။သူလည်းဒီကိစ္စတွေနဲ့ပတ်သက်ပြီးသိချင်တာတွေအများကြီးရှိနေတာကြောင့်မြန်မြန်သွက်သွက်ထဖို့လုပ်တယ်။သို့သော်လည်းစိတ်သွားတိုင်းကိုယ်ကမပါ၊သူ့ခြေထောက်တွေကထော့ကျိုးဖြစ်နေတုန်းပဲ။

'စိတ်ညစ်လိုက်တာ။မတတ်နိုင်ဘူးလေငါ့ကံပေါ့'

အချိန်ခဏကြာတော့ ခပ်ထွားထွားလူရောက်လာပြီးသူ့ကိုလာခေါ်တယ်။သူ့ပုံစံကမနေ့ကထက်စာရင်တော့အရမ်းကြီးခက်ထန်မနေတော့ဘူး။

ရုံးခန်းထဲကိုရောက်လာတော့ ဂျောင်ဆောင်ချန်းကဓာတ်ပုံ​တစ်ခုကိုအကြာကြီးကြည့်နေတာ။သူဝင်လာတာတောင်သတိမထားမိဘူး။

"ကျွန်တော်ခေါ်လာခဲ့ပါပြီ"
ခပ်ထွားထွားလူကအသံပေးလိုက်တော့မှဓာတ်ပုံဘောင်ကိုမှောက်ချပြီးသူ့ကိုကြည့်လာတယ်။

"ထိုင်။ဖုန်းပြောတဲ့အခါ speaker ဖွင့်ထား။ကျန်တာကတော့မင်းကြိုက်တာပြောလို့ရတယ်။ငါ့ဆီရောက်နေတယ်ဆိုတာတော့မပြောနဲ့ပေါ့"

My Only SunshineWhere stories live. Discover now