Chapter-15

360 27 3
                                        

ချွဲထယ်ဟိုတစ်ယောက် တစ်မနက်ခင်းလုံးမျက်မှောင်ကြီးကျုံ့ပြီးတစ်ခုခုကိုအကြိတ်အနယ်တွေးနေပုံပေါ်တဲ့ ဂျောင်ဆောင်ချန်း ကိုသေချာအကဲခတ်နေတယ်။အလုပ်ကိုအင်မတန်အလေးထားတဲ့သူကဒီနေ့အလုပ်ထဲလည်းအာရုံရောက်ပုံမပေါ်။ခုလည်းမှန်ပြတင်းပေါက် အပြင်ဘက်ကိုမျက်မှောင်ကြီးကျုံ့ပြီးစိုက်ကြည့်နေပြန်တယ်။

"ငါတို့ဆောင်ချန်း တစ်ခုခုအဆင်မပြေတာရှိလို့လား?ဟျောင်းကိုရင်ဖွင့်လို့ရတယ်နော်"

"ဟျောင်း အပြင်ကိုကြည့်လိုက်"

ထယ်ဟို အပြင်ဘက်ကိုကြည့်လိုက်တော့ ဘာမှမတွေ့ပေ။

"ဘာမှမရှိပါဘူး။ဘာကိုကြည့်စေချင်တာလဲ"

"သေချာကြည့်လေ ဟျောင်းရဲ့"

ထယ်ဟိုလည်းမျက်လုံးနှစ်ဖက်ကိုမှေးပြီးသေသေချာချာအာရုံစူးစိုက်ကြည့်လိုက်တော့ သူတို့နေရာနဲ့တော်တော်လေးဝေးတဲ့သစ်ပင်အောက်ကစုံတွဲတစ်တွဲကိုတွေ့တယ်။

"အတွဲတစ်တွဲပဲ ဘာဖြစ်လို့လဲ"

"သူတို့ခုနကနမ်းနေကြတယ်။ကျွန်တော့်ကိုနည်းနည်းလေးတောင်အားမနာကြဘူး"

"ငါ့ညီရယ် မင်းကတကူးတကကြီးလိုက်ကြည့်နေတာကိုး။သူတို့ကလည်းမင်းကြည့်နေမှန်းမှမသိကြတာ ဘယ်အားနာမလဲ"

"သူတို့အတွက်ကျ အဲ့ကိစ္စကဘာလို့အဲ့လောက်လွယ်ကူနေရတာလဲ"

"ဒါကတော့ ummmဘယ်လိုပြောရမလဲ။မင်းနောက်ပိုင်းနားလည်လာလိမ့်မယ်"

"ကျွန်တော်မေးစရာရှိသေးတယ်။ဟို ဟျောင်းလည်းအိမ်ထောင်သည်ပဲဆိုတော့လေ"

"မေး မေး"

"အဲ့ဒါက ဟိုဟာလေ စုံတွဲတွေကနမ်းတော့မယ်ဆိုစကားတွေဘာတွေပြောကြသေးလား"

"ဟမ်?"

"နမ်းဦးမယ်နော်တို့ဘာတို့ပေါ့"

"ဟား ဟား ဟား ငါတို့ဆောင်ချန်းတစ်မနက်လုံးစဉ်းစားနေတာဒါလား"

"ဟျောင်းမရယ်နဲ့လေ။စဉ်းစားနေတာမဟုတ်ပါဘူး ဒီတိုင်းပဲအတွေးပေါက်သွားလို့ပါ။သိတဲ့အတိုင်းကျွန်တော်ကထက်မြက်တဲ့သူဆိုတော့ဘာမဆိုလေ့လာထားသင့်တယ်လေ"

My Only SunshineWhere stories live. Discover now