ဝန်ဘင်းကအအိပ်ဆတ်တဲ့လူအမျိုးအစားထဲမှာပါတယ်။ဒါကြောင့် မနေ့ညက ဆောင်ချန်းရေချိုးခန်းထဲကပြန်ထွက်လာပြီး သူ့လည်ပင်းနဲ့နားရွက်ကိုနှာခေါင်းထိပ်ကလေးနဲ့ပွတ်သီးပွတ်သပ်လာလုပ်ကတည်းကနိုးသွားခဲ့တာ။ခန္ဓာကိုယ်လေးလှည့်ပြီးစကားပြန်ပြောမယ့်အချိန်ကြားလိုက်ရတဲ့စကားကြောင့် သူ့ကိုယ်ထဲကသွေးတွေပြောင်းပြန်စီးသွားသလိုတောင်ခံစားလိုက်ရတယ်။
သူသိလိုက်ရတာက ဂျောင်ဆောင်ချန်း ကသူ့ကို စ နေခဲ့တာမဟုတ်ပဲတကယ်ကြီးမေ့သွားတယ်ဆိုတာပဲ။ဂျောင်ဆောင်ချန်းက ဒီလိုထူးဆန်းတဲ့အခြေအနေကြီးအပေါ်ဘယ်လိုသံသယစိတ်မှမရှိဘူးလား မအံ့သြဘူးလား ဆိုတဲ့မေးခွန်းတွေလည်းသူ့ခေါင်းထဲမှာပြည့်နေတယ်။ဘာလို့ဘာမှမဖြစ်သလိုဟန်ဆောင်နေရတာလဲ?ဒါပေမယ့်လည်း ဒီတိုင်းလေးပဲကောင်းပါတယ် သူ့ကိုမေးလာခဲ့ရင်တောင်ဘယ်လိုပြန်ဖြေရမှန်းမှမသိတာ။
အတွေးပေါင်းစုံနဲ့တစ်ညလုံးမလှုပ်ပဲပြူးကြောင်နေမိတာ မိုးသောက်တဲ့အထိပဲ။သူ့ခါးကိုဖက်ထားတဲ့လက်ကိုသာသာလေးဖယ်ကာဖြည်းဖြည်းချင်းထထိုင်လိုက်တယ်။အိပ်နေတဲ့သူရဲ့ နဖူး၊နှာခေါင်း၊မျက်ခွံလေးတွေနဲ့ပါးလေးကိုဖွဖွလေးအနမ်းပေးလိုက်ပြီးမျက်နှာလေးကိုအချိန်အတော်ကြာငုံ့ကြည့်နေမိတယ်။
'ကျွန်တော်က ဟျောင်းကိုဘယ်လိုစိတ်နဲ့ထိခိုက်စေရမှာလဲ?ကျွန်တော့်ကိုမေ့သွားတာက ဟျောင်းအတွက်အကောင်းဆုံးပါပဲ။မသိတော့ဘူးဆိုရင်နာကျင်စရာလည်းမလိုတော့ဘူးလေ"
ဟို ဝန်ဘင်းနောက်တစ်ယောက်ပြောသွားတဲ့စကားတစ်ခွန်းကသူ့မှတ်ဉာဏ်ထဲမှာရေးရေးလေးပေါ်လာတယ်။တစ်ခုကိုရွေးချယ်လိုက်ရင်နောက်ဆက်တွဲကိုစိတ်ပူစရာမလိုဘူး သူ့အလိုလိုဖြစ်သွားလိမ့်မယ်ဆိုတာ ဒါတွေလား?
'ဒါပေမယ့် ငါဘာကိုမှမရွေးချယ်ရသေးဘူးလေ ဘာလို့ဒီလိုတွေဖြစ်နေရတာလဲ?အစတည်းက ရွေးချယ်ခွင့်မရှိပဲနဲ့များအပိုတွေ'
စိတ်လက်မကြည်မသာနဲ့ ရေချိုးဖို့ဝင်သွားတဲ့အချိန် မှန်ရဲ့ထောင့်တစ်နေရာက ကိုယ်တော်ချောကိုတွေ့လိုက်ရတယ်။နောက်လှည့်ကြည့်တော့ရှိမနေပဲ မှန်ထဲမှာပဲမြင်နေရတာ။

YOU ARE READING
My Only Sunshine
Fanfiction"ကိုယ့်ရဲ့ကမ္ဘာကြီးကမင်းတစ်ယောက်တည်းပေါ်မူတည်ပြီးလည်ပတ်နေတာ"