'ချစ်သူကောင်လေး...စေ့စပ်မယ်...ဘာတွေလဲ သူဘာတွေပြောနေတာလဲ'
ဝန်ဘင်းမှာအံ့ဩလွန်းတာကြောင့်နှုတ်ကနေတောင်ဘာသံမှထွက်မလာတော့ဘူး။စကားတွေကလည်ချောင်းထဲမှာသာ တစ် နေတယ်။"ကြည့်ပါဦးပျော်နေတာ အသံတောင်ထွက်မလာတော့ဘူး။ကိုယ့်ကိုအဲ့လောက်တောင်ချစ်တာလား။"
ပြောရင်းဆိုရင်းသူ့ပါးလေးတွေကိုလက်နဲ့ဆွဲညှစ်နေပြန်တယ်။ဂျောင်ဆောင်ချန်းဟာ မျက်တောင်တစ်ခါခတ်ချိန်လောက်တောင်အလွတ်မပေးဘဲပုံတွေကိုအမိအရရိုက်ယူနေတဲ့မီဒီယာတွေဖက်ကိုလှည့်ပြီးတော့လည်းနှုတ်ဆက်စကားဆိုလိုက်ပါသေးတယ်။
"ကျွန်တော့်ချစ်သူကအရမ်းရှက်တတ်တာကြောင့် ဒီနေ့ပွဲကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရေစ။သတင်းတွေကိုမှန်မှန်ကန်ကန်မျှဝေပေးဖို့လည်းမျှော်လင့်ပါတယ်။အားလုံးကိုနှုတ်ဆက်ပါတယ်ဗျ"မီဒီယာတွေကလည်းထင်မထားတဲ့သတင်းကြောင့်အကုန်အံသြပြီးရုတ်ရုတ်သဲသဲဖြစ်နေကြတယ်။အဲ့ဒီအခြေအနေကြားမှာပဲ ဂျောင်ဆောင်ချန်းဟာ ဝန်ဘင်းကိုလက်ချောင်းချင်းယှက် တွဲပြီးကားဆီကိုပြန်လျှောက်လာခဲ့တယ်။
ကားထဲကိုရောက်တဲ့အချိန်မှပဲ တွဲထားတဲ့လက်ကိုလွှတ်ပေးပြီးလက်နှစ်ဖက်ကြားကဓားပါးပါးလေးကိုဖယ်လိုက်တယ်။သူ့လက်ကိုဂျောင်ဆောင်ချန်းလာကိုင်တဲ့အချိန်မှာ
ဝန်ဘင်းရုန်းထွက်ဖို့သတိဝင်လာသေးတယ်။ဒါပေမယ့်ဘယ်တုန်းကဘယ်လိုဖွက်ထားမှန်းမသိတဲ့ဓားကြောင့်လက်ကိုလှုပ်ဖို့မရဲခဲ့ဘူး။နည်းနည်းလှုပ်တာနဲ့သူ့လက်ပြတ်ပြီပဲဖြစ်တယ်။"ခင်ဗျားဘာသဘောလဲ ကျွန်တော့်ကိုအခုရှင်းပြပေးနိုင်မလား"
"ကြားတဲ့အတိုင်းပဲလေ ။ဘာလဲ ကိုယ့်ဆီကချစ်စကားတွေကိုနောက်တစ်ခါထပ်ကြားချင်နေတာလား"
"ကျွန်တော် ယောက်ျားလေးချင်းစိတ်မဝင်စားဘူး ပြီးတော့စေ့စပ်မယ်ဆိုတာကိုလည်းလက်မခံနိုင်ဘူး"
"ကိုယ်လည်းခုချက်ချင်းလို့ပြောလို့လား ခုမှချစ်စခင်စကြင်နာစဆိုတော့မလောသေးပါဘူး"

YOU ARE READING
My Only Sunshine
Fanfic"ကိုယ့်ရဲ့ကမ္ဘာကြီးကမင်းတစ်ယောက်တည်းပေါ်မူတည်ပြီးလည်ပတ်နေတာ"