ည 10 နာရီ
ဝန်ဘင်းတစ်ယောက်အခန်းထဲမှာရှေ့လျှောက်နောက်လျှောက်နဲ့စိတ်မအေးနိုင်ဖြစ်နေတယ်။ဂျောင်ဆောင်ချန်းကတစ်ခါမှဒီအချိန်ထိနောက်မကျဖူးဘူး။နောက်ကျမယ်ဆိုရင်တောင်အမြဲကြိုပြောတတ်တဲ့သူ။နေ့လယ်ကတင် vd call ပြောပြီး အခုကျဖုန်းဆက်တော့လည်းမရ စာပို့လို့လည်းမရဆိုတော့ တစ်ခုခုများဖြစ်နေလို့လားဆိုတဲ့အတွေးကသူ့ကိုနှိပ်စက်နေတယ်။
သူ့မှာရှိတဲ့နှစ်ခုတည်းသောဖုန်းနံပါတ်ထဲကတစ်ခုကိုဆက်မရတော့ နောက်တစ်ခုဖြစ်တဲ့ထယ်ဟိုဟျောင်းရဲ့ဖုန်းကိုဆက်တော့လည်းမရပြန်။လိုက်သွားရအောင်ကလည်းသူ့ကိုအပြင်ထွက်ခွင့်ပေးမထားဘူး။ဖုန်းနှစ်လုံးကိုမနားတမ်းပြောင်းဆက်နေရင်းနောက်ဆုံးတော့ ထယ်ဟိုဟျောင်းကဖုန်းကိုင်လိုက်တယ်။
"ဟျောင်း ကျွန်တော်ပါ ဝန်ဘင်း"
"အော သိတယ် သိတယ်"
"ဆောင်ချန်းဟျောင်း ကခုထိပြန်မရောက်သေးလို့လေ ဖုန်းဆက်လို့လည်းမရဘူး။အခုဟျောင်းနဲ့အတူရှိနေလား?"
"အာ~အဲဒါက ဆောင်ချန်းနီးကအလုပ်ကိစ္စချိန်းထားတာလေးရှိလို့နောက်ကျနေတာ သူပြန်လာတော့မှာပါစိတ်မပူနဲ့နော်။ပြီးတော့သူ့ဖုန်းက အားကုန်လို့စက်ပိတ်သွားတာ"
"ဪ အဲဒီလိုလား?ဟျောင်းဆီဖုန်းဆက်နေတာလည်းတော်တော်နဲ့မရတော့ကျွန်တော်ကစိတ်ပူနေတာတော်သေးတာပေါ့"
"အဲဒါကဟို..ဟျောင်းလည်းခုနကအလုပ်တအားရှုပ်နေလို့လေ။စိတ်မပူနဲ့နော် ဘာမှမဖြစ်ဘူးပြန်လာတော့မှာ"
"ဟုတ်ကဲ့ ကျေးဇူးပါဗျာ။ဒါဆိုကျွန်တော်ဖုန်းချလိုက်တော့မယ်နော်"
"ကောင်းပြီ ကောင်းပြီ "
.
.
.
.
.
ဝန်ဘင်းဆီကဖုန်းချသွားတဲ့အချိန်ထယ်ဟိုလည်း သူ့ဘေးကထိုင်ခုံမှာငိုင်နေတဲ့ဆောင်ချန်းဘက်ကိုလှည့်လိုက်တယ်။ပြောရရင်တော့သူအခုလေးတင် ဆောင်ချန်းကို ရဲစခန်းမှာအာမခံနဲ့ပြန်ခေါ်လာပေးထားတာလေ။"ပြောပါဦး ဘာဖြစ်လို့အရက်သောက်ပြီးကားမောင်းရတာတုန်း?သောက်ထားရင် driver ခေါ်မှပေါ့"

YOU ARE READING
My Only Sunshine
Fiksi Penggemar"ကိုယ့်ရဲ့ကမ္ဘာကြီးကမင်းတစ်ယောက်တည်းပေါ်မူတည်ပြီးလည်ပတ်နေတာ"